part 19

659 33 20
                                        

ကျွန်တော် သူပျော်ရင်ကျွန်တော် ပျော်တယ်ဟုဆိုသော်လည်း အဘယ်သူက ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်ကိုအရမ်းအရေးပေးနေရင် သဝန်တိုမိမှာတော့အမှန်ဘဲလေ......

ကျွန်တော်.....ကျွန်တော်....အရိပ်လေး ပြန်မချစ်နိုင်မဲ့ဘဝမှာ မနေချင်တော့ဘူး......သို့သော်လည်း ကျွန်တော်သူ့ဘေးမှာရှိနေမှဖြစ်မည်။

တစ်ဖက်သတ် အချစ်က ဘာလို့ ဒီလောက်ခါးရတာလဲကွာ........

.......
*မင်းဇေ*

ကျွန်တော် အမှောင်ထဲတွင်ရောက်နေချိန် အလင်းရောင်လေးတစ်ခု

နီးသည်ဟုထင်ရသော်လည်း အနည်းငယ် ဝေးသည်။

ကျွန်တော် ထိုနေရာသို့လျှောက်လာရင်း

ဆေးရုံထဲရှိ လူနာခန်းတစ်ခန်း

တစ်ယောက်က အပေါက်ဝတွင်ရပ်နေပြီးကျန်တစ်ယောက်က ခုတင်ပေါ်တွင် ခါးတစ်ဝက် ထလျှက်..........အသံအရ သတင်းမေးနေသည်ဟု ထင်ရသည်.....

ဘေးဘီကိုကြည့်လိုက်တော့ အဖြူရောင်စားပွဲပေါ်တွင် အဖြူရောင်နှင်းဆီပန်းလေးကို အဖြူရောင်ပန်းအိုးထဲတွင် ထည့်ထားလျှက်

လိုက်ကာ အဖြူရောင်ကာထားသော မှန်ပြတင်းပေါက်မှတစ်ဆင့်  ကြည့်လိုက်လျှင်ပင် ပူလောင်ဖွယ်ရှိသော နေရောင်ခြည်တို့က ဖြတ်သန်း၍ နေရာကွက်ကြားကျရောက်နေသည်။

ထိုနေရောင်နှင့်အတူ ကျွန်တော် မြင်လိုက်ရသောမြင်ကွင်းက ပို၍ပို၍ပင် ကျွန်တော့်ရင်ဘတ်ကြီးကို ပို၍ပူလောင်စေသည်။

'ဟင်....လရိပ်'

သူ.....သူက ကျွန်တော့်ဆီကိုအရင်မလာဘဲနဲ့ ရဲရင့်ဆီသို့သာ ပထမဦးဆုံး သတင်းသွားမေးနေသည်။

ဟာ....ငါက ပိုထိခိုက်တဲ့သူလေ...ပြီးတော့ ရဲရင့်ကဘာလုပ်ပေးရလို့လဲ....ဘာကိစ္စကြောင့် လရိပ်ကငါ့ဆီကို အရင်မလာတာလဲ

ဒါ.....ဒါအိပ်မက်ဘဲမလား ....ဟုတ်တယ်....ငါမှ မနိုးသေးတာ.....ဒါအိပ်မက်ပါဘဲ....လရိပ်က ငါ့ဆီအရင်ဆုံးလာမှာပါ.....

ကျွန်တော် မျက်လုံးမှိတ်လိုက်သောအခါ အမှောင်အတိတို့က ကြီးစိုးလျှက် ဘမှမဆိုင်သော မျက်ရည်တို့က ပါးပြင်ပေါ်တွင် ငြင်သာစွာ ကျဆင်းနေတော့သည်။

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now