part 25

544 44 15
                                        

ကျွန်တော်ရဲ့ ကွန်ဒိုသည် ပန်းခြံနှင့် အတော်နီးသည်။

ထို့ကြောင့် ထိုပန်းခြံသို့သာ လမ်းလျှောက်လာခဲ့လိုက်သည်။

ဟင်း......ပန်းခြံရှေ့ရှိ ထိုင်ခုံတန်းပေါ်တွင် တစ်ယောက်တည်းထိုင်နေရငး်း ကစားကွင်းအသေးလေးထဲတွင် ကစားနေကြသော လူမျိုးခြား ကလေးတွေကိုကြည့်ရင်း ကျွန်တော်ငယ်ငယ်ကအကြောင်းများကို ပြန်တွေးနေမိသည်။

'ဟူး.....ငယ်ငယ်တုန်းက အကြောင်းတွေပြန်စဉ်းစားမိရင် ပျော်စရာတွေချည်းပါဘဲ
တက္ကသိုလ် တက်လို့ မင်းဇေမသေခင်အထိပေါ့ ဒါနဲ့ငါ့အိပ်မက်က ဘယ်လိုကြီးလဲ အကိုကသေသွားပြီကို ငါစိတ်စွဲပြီးမှတ်တာဘဲဖြစ်မှာပါ ဟုတ်တယ် ငါသူ့ကိုမေ့သင့်ပြီ ဟူး....ဘာလိုလိုနဲ့ 4နှစ်တောင်ကြာခဲ့ပြီ....အကိုရေ....ကျွန်တော့်ဦးနှောက်ထဲကရော ဘဝထဲကပါ ထွက်သွားပေးပါတော့...'

'ကောင်လေးက ဘယ်သူ့ကိုထွက်သွားခိုင်းနေတာလဲ....'

'ဟင်...အဘိုး ကမြန်မာစကားတတ်တယ်ပေါ့...'

'အေးကွယ် အဘိုးက မြန်မာနိုင်ငံမှာနေလာတာလေ အသက်နဲနဲရတော့မှ ဒီနိုင်ငံကိုပြောင်းလာတာ အဲ့ဒါကြောင့် မြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင် ပြောတတ်နေတာပေါ့ ငါ့မြေးရဲ့....'

'အဘိုးက ဘယ်နားမှာနေတာလဲ ဒီကွန်ဒိုမှာဘဲလား....'

'မဟုတ်ဘူး ဟိုးဘက်တိုက်ခန်းမှာနေတာပါ
ငါ့မြေးက ဒီတိုက်ခန်းမှာနေတာလား...'

'ဟုတ်တယ် အဘိုး ဟိုတိုက်ခန်းမှာနေတာပါ'

'အေးကွယ် ဒါနဲ့ သားကဘာဒုက္ခတွေတွေ့နေလို့လဲ အဘိုးကိုပြောပြလို့ရပါတယ်'

'သားချစ်တဲ့သူနောက်လိုက်သင့်လား စဉ်းစားနေတာပါ'

'သား ဒါကတော့စဉ်းစားစရာမလိုပါဘူး ကိုယ်ချစ်တဲ့သူနဲ့သာ တစ်သက်လုံးလက်တွဲသွား ကိုယ်မချစ်တဲ့သူနဲ့ နေနေရတာ စိတ်ချမ်းသာလို့လား နှလုံးသားကိုဦးစားပေးပါငါ့မြေးရယ် အဘိုးလိုမဖြစ်စေချင်ဘူး...'

'အဘိုးက........'

'အဘိုးက ကိုယ်အရမ်းချစ်တဲ့ သူနောက်ကိုမလိုက်ဘဲနဲ့ အဘိုးရဲ့ဖေဖေသဘောတူတဲ့ ကောင်မလေးနဲ့ယူခဲ့တာ ခုကြည့်အုံး တစ်ဘဝလုံး စိတ်မချမ်းသာတဲ့အပြင် စိတ်ဆင်းရဲနေရတယ် အဲ့တုန်းကသာ ကိုယ့်အဖေကို ဆန့်ကျင်ခဲ့ရင် တစ်ဘဝလုံး ကိုယ်ချစ်တဲ့သူနဲ့နေရမှာ ခုတော့ ခုတော့ကြည့်အုံး...'

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now