part 16

729 41 11
                                        

'ဟင်.....'

ကျွန်တော် တွေ့လိုက်ရသည်က လရိပ်....

လရိပ်ကဘာမှမပြောပေ သူနှင့်မဆိုင်သလိုဘဲ တခြားစားပွဲဝိုင်းတွင်ထိုင်ကာ မှာစရာရှိတာမှာလေသည်။

ကျွန်တော်ကို တစ်ချက်လေးဘဲ စောင်းကြည့်ပြီး တစ်ခြားဘက်သို့လှည့်နေလေသည်။

ကျွန်တော် မွှေးကိုဘာမှမပြောဘဲ လရိပ်ဘက်သို့ ထွက်လာမည်အလုပ်....

'ကို...မွှေးနဲ့ပြန်တွဲမည်မလားဟင်...'

'ဒီတစ်သက်ဘယ်တော့မှ ဖြစ်မလာတော့မဲ့အရာဘဲ...'

ကျွန်တော် လရိပ်စားပွဲဝိုင်းသို့ ဦးတည်လိုက်စဉ် ဘယ်ချိန်ကတဲက ရောက်နေမှန်းမသိတဲ့ ရဲရင့်က လရိပ်ဘေးတွင်ဝင်ထိုင်လိုက်ကာ......

လရိပ်က လှစ်ခနဲ ရဲရင့် ပါးကိုခပ်ဖွဖွလေးနမ်းလိုက်သည်ကို အထင်းသားတွေ့လိုက်ရသည်။

ကျွန်တော့်ရဲ့ အမြင်အာရုံတွေ ဝေဝါးလာပြီး ပူနွေးနွေးအရည်တစ်ချို့က ပါးပြင်ထက်တွင် အစီးအတားမရှိ တရစပ်စီးကျလာလေသည်။

'ဟက်...ဒါလား ကိုချစ်နေတဲ့ ကောင်လေးက....ကိုရယ် တစ်ဖက်သတ်ဘဲမလား ဆက်လိုက်မနေနဲ့တော့ မွှေးနဲ့သာပြန်တွဲရအောင်ပါနော်....'

ကျွန်တော် မွှေးပြောနေတဲ့စကားကို ကြားတစ်ချက်မကြားတစ်ချက်

ပျော်နေကြသောသူတို့နှစ်ယောက်ကို ကျွန်တော် ဆက်ကြည့်နိုင်စွမ်းမရှိတော့ပေ...

ထိုနေရာမှချက်ချင်းထွက်လာခဲ့လိုက်ရင်း ကျွန်တော့်ကားဆီသို့သာ အပြေးလာခဲ့လိုက်သည်။

ကျွန်တော် အရှိန်မြှင့်ကာ မိုင်ဘယ်လောက်ဖြင့်မောင်းနေသည်ကိုပင်မသိတော့..

ကျွန်တော်သိလိုက်ရသည့်တစ်ခုက မီးပွိုင့်တွင် တစ်ဖက်လမ်းက အရှိန်ဖြင့်လာနေသော ကုန်တင်ကားကြီး တစ်စီးကို ကျွန်တော် မမြင်မိဘဲ......

ထိုကားကြီးကိုရှောင်လိုက်ရင်း လမ်းရှုပ်နေသောကြောင့် ကျွန်တော် အကုန်ဝင်ကျုံးမိတော့သည်။

'ဒုန်း....................'

ကျွန်တော် ဘာမှမမြင်ရတော့ချေ ကျွန်တော်ခံစားမိလိုက်သည်က ကမ္ဘာကြီးတစ်ခုလုံးမှောင်မည်းသွားကာ ကျွန်တော့်မျက်လုံးများလည်း အိပ်စက်ခြင်းဆီသို့

အရိပ်(BL fic) Unicode+zawgyi CodeDonde viven las historias. Descúbrelo ahora