part 27

627 43 7
                                        

ကျွန်တော် သင်တန်းသွားလိုက် အိပ်ပြန်လာလိုက် အပြင်ခနထွက်လိုက် ဖေဖေ့ကုမ္ပဏီ သွားလိုက်နှင့် တစ်နှစ်ဆိုသော အချိန်သည် မည်သို့ကုန်သွားမှန်းမသိခဲ့ပေ။

ခုဆို ရဲရင့်သည်လည်း ဂျပန်တွင် အတော်အသင့်အောင်မြင်ပြီးသော နိုင်ငံတကာ စီးပွားရေးပညာရှင် ကြီးဖြစ်ခဲ့လေပြီ။

ကျွန်တော်ကတော့ ဖေဖေ့ရဲ့အလုပ်ကိစ္စတစ်ခု ကိုမျှဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲ ကျွန်တော်ရဲ့ Ranalli's Pizza Shopလေးကိုသာ ဂရုစိုက်နေခဲ့သည်။

ကျွန်တော့်ရဲ့pizza shopလေးသည်လည်း ခုဆို အတော်သင့်နာမည်ရနေပြီဖြစ်သည်။

ကျွန်တော် ဆိုင်ဖွင့်နေတုန်း ဖေဖေက ကျွန်တော့်အတွက် ဆိုင်အနီးနားမှာပင် Hotel Lincoln ကိုဆောက်ပေးခဲ့သည်။

ကျွန်တော် ဟိုတယ်ကို ကျွန်တော့်ဆိုင်လောက်ပင်ဂရုမစိုက်သောကြောင့် ဖေဖေက ဟိုတယ်အလုပ်များကို အကိုmikeနှင့်သာ လွှဲပေးထားရသည်။

ဟူး.....ဘာလိုလိုနဲ့ ကျွန်တော်တောင်ဒီမှာနေလာတာ 1နှစ်ကျော်ခဲ့ပြီဘဲ......ပြီးတော့.....သူ......သူ့ကိုအိပ်မက်မမက်သည်မှာလည်း 1နှစ်ပင်ကျော်တော့မည်ဖြစ်သည်......ဟာကွာ...ငါသူ့အကြောင်းမစဉ်းစားသင့်ဘူး......သူတောင်အိပ်မက်ထဲဝင်မလာသေးတာဘဲ ငါကဘာလို့သူ့အကြောင်းတွေးနေရမှာလဲဟ.......မေ့သင့်ပြီ.......ငါသူ့ကိုမေ့လိုက်သင့်ပြီ..........

*အကို.......လုပ်ရက်တယ်နော်......ကျွန်တော်.....မှာတော့ ဒီအိပ်မက်ထဲကနေဘဲ အလွမ်းဖြေနေရတာ ခုတော့.....ခုတော့....အကိုက ကျွန်တော့်အိပ်မက်ထဲတောင်ဝင်မလာတော့ဘူး..........မုန်းလိုက်တာဗျာ........ခဗျားကြီးကို....ကျွန်တော့်ကိုမေ့နိုင်တဲ့ခဗျားကြီးကို..ကျွန်တော့်အသက်ထက်ကို ပိုမုန်းတယ်.......*

'ကလင်....ကလင်.....ကလင်.....'

'Welcome......'

ကျွန်တော် ဆိုင်ထဲလူဝင်လာသဖြင့် နှုတ်ဆက်စကားဆိုပြီး နောက်လှည့်ကြည့်လိုက်သောအခါ

ရုတ်တရက် မြင်လိုက်ရသော ထိုမျက်နှာ

ကျွန်တော် ထိုမျက်နှာချွန်ချွန်ကို ရင်းရင်းနှီးနှီး သိပါသည်....ဘယ်နားမှာမြင်ဖူးတာပါလိမ့်......ကျွန်တော်သိသည်...လရိပ်....စဉ်းစားစမ်း......အရေးအကြောင်းဆို ဒီဦးနှောက်ကြီးက ဘာမှသုံးစားမရဘူး....မြင်ဖူးတယ်....ရင်းရင်းနှီးနှီးကိုမြင်ဖူးတယ်.....

အရိပ်(BL fic) Unicode+zawgyi CodeWhere stories live. Discover now