part 52 zawgyicode

261 6 0
                                        

တကယ်ကို အကို့ရဲ့ ပုဝါအဖြူလေးပင် ဟုတ်လောက်သည် ဟိုးတစ်ခေါက်တုန်းကလည်း ဒီလိုပင် surpriseလုပ်ဖူးသည်မဟုတ်ပေလား...ဒီနေ့က ကျွန်တော့်မွေးနေ့ဆိုတော့ အကို့ရဲ့ surpriseကပို၍ပင်ဖြစ်နိုင်ပေသည်

ထို့ကြောင့် ကျွန်တော်လည်း ယုံကြည်မိပြီး

'ဘယ်ကိုသွားရမှာတဲ့လဲ..'

'ကျွန်တော်မျိုးနောက်က လိုက်ခဲ့ပေးပါ အချစ်တော်ရှောင်...'

'အင်း...'

ထိုလာခေါ်သောသူ၏ မျက်နှာထားကမရိုးသားသည့်ပုံပေါ်သော်လည်း ကျွန်တော် အကို့ရဲ့ပုဝါကြောင့် ယုံကြည်မိခြင်းပင်

ကျောဘက်တွင်ရှိနေသော ဝါးရုံအုပ်ကြီးထဲသို့ ထိုသူဝင်‌သွားလေသည်

ကျွန်တော်လည်း အကို့၏ပုဝါလေးကို လက်ထဲတွင် ကျစ်ကျစ်ဆုပ်ကိုင်ထားကာ လိုက်သွားလိုက်သည်

ခနတာလမ်းလျှောက်ပြီးသွားသောအခါ ထိုသူ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ဘက်သို့ လှည့်လာသည်

ကျွန်တော်လည်း ဘာလဲ ဟူသော အဓိပ္ပာယ်ဖြင့်ကြည့်မိလိုက်စဉ် နောက်ဘက်မှ နှာခေါင်းပေါ်သို့ ကျရောက်‌လာသော ပုဝါတစ်စုံနှင့် လက်တစ်စုံ

ဖိကပ်ထားသောအရှိန်နှင့် ပုဝါတွင်ပါသော ဆေးကြောင့် ဖြစ်မည်ဟုထင်သည် ခနအကြာတွင်ပင် ကျွန်တော့်အမြင်များဝေဝါးလာရတော့သည် ခေါင်းတစ်ခုလုံးမူးနောက်လာကာ မည်သည့်အရာမျှမသိတော့ပေ

သို့သော် ကျွန်တော် ကမ္ဘာကြီးနှင့်အဆက်အသွယ်မပြတ်ခင် ကျွန်တော့်အာရုံထဲမှာရော အတွေးထဲမှာပါ ပေါ်လာသည့်ပုံရိပ်ပိုင်ရှင်လေးရဲ့ နာမည်ကိုသာ တိုးညှင်းစွာ ခေါ်ဆိုမိလျှက်....

ကို~~~~

....တစ်ဖက်တွင်

ရှန်ရှန်ပျောက်သွား၍ အသည်းအသန်လိုက်ရှာနေသော ၀မ်မိဖုရား

သူမပြန်လာချိန်တွင် သူမထားခဲ့သော ထိုနေရာ၌ စက္ကူထီးလေးတစ်ချောင်းကသာ အဖော်မဲ့လျှက် ပိုင်ရှင်ကိုစောင့်မျှော်နေလေသည်...

သူမအနီးအနားတစ်ဝိုက်လိုက်ရှာသော်လည်း မတွေ့....သူမထင်လိုက်သည်က သူမကိုစိတ်ဆိုးသွား၍ နန်းတွင်းသို့ ကြိုပြန်နှင့်သည်ဟု ထင်လိုက်လေသည်

အရိပ်(BL fic) Unicode+zawgyi CodeDonde viven las historias. Descúbrelo ahora