အတန်းချိန်ပြီးတော့ မွှေးကို သူ့အိမ်လိုက်မပို့တော့ဘဲ ကိုယ့်ဟာကိုပြန်တော့ဆိုပြီး သွားခိုင်းလိုက်တော့သည်
ဘာရယ်မဟုတ်ဘူး သူကျွန်တော့်နားမှာရှိနေရင် လရိပ်မကြိုက်မှာစိုးလို့ သူ့ကိုအနားသိပ်မခိုင်းတော့ပေ
ကျွန်တော်လဲအရူးဘဲနော်....ကိုယ်နဲ့ဘာမှမဆိုင်သေးတဲ့သူကို အရူးအမူးဖြစ်နေတာ....သူနဲ့ကသူငယ်ချင်းတောင်ဖြစ်သေးတာမဟုတ်သေးဘူး
မင်းဇေတစ်ယောက် အိမ်ပြန်ရောက်တော့ ကားပေါ်ကဆင်းလာပြီး သူ့အခန်းထဲသို့သာဝင်သွားလိုက်သည်....စိတ်ထဲတွင် ဘာရယ်မဟုတ် ဖုန်းယူပြီးဖွင့်ကျိလိုက်သည်....
ထိုချိန်
'တောင်.....'(fbက notiအသံလေးကိုကြားယောင်လိုက်ပေါ့နော်)
'ဟင်...'
သူကြက်သေသေသွားသည်.....သူတနေကုန်စဉ်းစားနေတဲ့သူက သူ့ကိုအပ်ထားတယ်တဲ့ .....
သူ့ကို accept လုပ်လိုက်ပြီး သူ့wallထဲဝင်မွှေကျိလိုက်သည်....
ဘာရယ်မဟုတ်ပါဘူး သူ့pfလေးကိုက ချစ်စရာကောင်းနေတာ
အကျႌခဲရောင်အရှည်လေးနဲ့ ဘောင်းဘီ ဒူးပေါ်ဂျင်းလေးကိုဝတ်ထားကာ ကျောက်ပန်းပင်ကြားထဲဝင်တိုးကာ မျက်လုံးလေးမှိတ်ထားပြီး ကျောက်ပန်းခိုင်တစ်ခုကိုလက်ဖြင့်ကိုင်ထားလိုက်သည်.....မျက်မှန်အဝိုင်းအမည်းလေးဖြင့်သာ.....သူ့ပါးကပါးချိုင့်လေးကိုချိုင့်ဝင်နေအောင်ပြုံးရင်း ရိုက်ထားသောပုံဖြစ်သည်.....
(Noxရေးထားတာ မျက်လုံးထဲမြင်မလားမသိဘူး....ကျောက်ပန်းပင်ဆိုတာ အလှစိုက်တဲ့အပင်...အရမ်းလှတယ် ဓာတ်ပုံရိုက်ဖို့ရှယ်ဘဲနော်)
သူ့wallထဲကြည့်တော့မှ သူ့မျက်နှာအနီးအက် ပုံတွေကိုတွေ့လိုက်ရသည်....
'ချစ်စရာကောင်းလိုက်တာကွာ ရိုက်သမျှပုံတွေကလဲ ပြုံးနေတာဘဲ....မဖြစ်ဘူး ငါနဲ့တွဲလို့ကတော့ ဘာပုံမှမရိုက်ခိုင်းဘူး....ဘာပုံမှလဲမတင်ခိုင်းဘူး....'
မင်းဇေတစ်ယောက် အတွေးဖြင့်သာ ပျော်မွေ့နေလိုက်သည်....
Phကိုလက်ကချပြီး ရေချိုးရန် သဘတ်ယူပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်...
ESTÁS LEYENDO
အရိပ်(BL fic) Unicode+zawgyi Code
Novela Juvenil§ရမ်းချေသော သူနဲ့ ဖော်ရွေလွန်းသော သူ...... ဘယ်လိုတွေ့ကြမလဲဆိုတာ....... *သူ့ပါးစပ်ကသာ မချစ်ဘူးလို့ပြောနေပေမဲ့ သူ့မျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပါယ် ကိုကျွန်တော်နားလည်လိုက်ပါသည်။* သူ သူ့ကိုချစ်နေတာဘဲ
