Chapter - 8

53.1K 5.6K 230
                                    

#Unicode

Heat တက်တာက မင်းယွီကို အားအင်တွေအများကြီး လျော့ကျစေတယ် … ညက ဖန်းဂူနဲ့ဘာမှမဖြစ်ခဲ့ဘူဆိုတာသေချာပေမဲ့ အယ်ဖာနဲ့တွေ့တိုင်း ပြောင်းလဲလွယ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို မုန်းတီးမိတယ် … တစ်စုံတစ်ယောက်ကို မှီခိုပြီး နေရတာကို မင်းယွီမကြိုက်ဘူး …

ဒါက သူအိုမီဂါမှန်းစသိပြီး ပထမဆုံး တွေ့ရတဲ့ အယ်ဖာဖြစ်နေလို့လား … အကယ်၍ ဤသို့ဆိုလျှင် သူ့ဘဝအတွက် တစ်ခြားလက်တွဲဖော် ရှာနိုင်သေးတယ်ဆိုတဲ့သဘောလား … ခုလိုကြောက်စရာကောင်းပြီး လျှို့ဝှက်ချက်များလွန်းတဲ့ အိမ်တော်ကြီးမှာ ဆက်ပြီး မနေချင်တော့ဘူး …

မင်းယွီ လှေကားထစ်တွေကနေဆင်းလာတော့ အောက်ထက်မှာ ဘယ်သူမှရှိမနေဘူး …

" လူလေး … မနက်စာစားဖို့ ပြင်ထားပြီးပြီ "

အသက် ၈၀ အရွယ်အဖိုးတစ်ယောက်က မင်းယွီကိုခေါ်လာပြီး စားပွဲဝိုင်းပေါ်မှာပြင်ထားပေးတဲ့ စားစရာတွေကို ညွှန်ပြလာတယ် …

ဒီလူကတော့ ဘီတာတစ်ယောက်ဖြစ်ပြီး အရင်သခင်ကြီး ရှန်ကူးမန်ဖခင်ရဲ့ လူယုံဟောင်း ခုတော့ ရှန်ဟွှာအိမ်တော်ရဲ့ အိမ်တော်ထိန်းအဖြစ်ထန်းဆောင်နေသူ ချူးရှန့်ရဲ့အဖိုး ချူးလောင်းဝီ …

အဖိုးချူးက လူငယ်လေးကို စားစရာတွေ ထည့်ပေးဖို့အတွက် အိမ်ဖော်အမျိုးသမီး ၂ ဦးကိုစေခိုင်လိုက်တော့ အရသာရှိမည့်စာဖွယ်ရာတွေကို မင်းယွီပန်းကန်အပြည့် ထည့်ပေးလာကြတယ် …

ဒီလိုအစားအစာတွေကို မကြိုက်တာမဟုတ်ပေမဲ့ ဒီလောက်များတဲ့အစားတွေကိုမင်းယွီကုန်အောင်မစားနိုင်ဘူး … ဒါကြောင့်မို့ အိမ်ဖော်အမျိုးသမီးတွေကို ထပ်မထည့်ဖို့ တားလိုက်ရတယ် …

" ကျွန်တော် ဒါတွေကို ဘယ်လိုကုန်အောင်စားရမှာလဲ "

" သခင်လေးက လူလေးအကုန်စားရမယ်လို့ အမိန့်ထုတ်ထားတယ် …

ဒါမှလဲ ကျန်းမာရေး အမြန်ကောင်းမှာ …

ဒါတွေကိုတော့ ကုန်အောင်စားပေးပါ "

ထိုအခါ အဖိုးချူးက မင်းယွီမျက်နှာ မရွှင်မလန်းဖြစ်နေသည်ကို မြင်ရတာမို့မေးကြည့်လိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now