Chapter - 16

43.9K 4.5K 153
                                    

#Unicode

" သခင်လေး … သခင်လေး "

အခန်းအပြင်က ဆူညံသံတွေကြောင့် ဖန်းဂူဒေါသထောင်းကထွက်ဖြစ်သွားတယ် … ညကလူတစ်ယောက်နဲ့ဆက်ဆံပြီး သူ့ကိုယ်ပေါ်မှာ ဘာအဝတ်မှရှိမနေခဲ့ဘူး …

ဘေးနားမှာ ပုံနေတဲ့သူ့ရဲ့အဝတ်တွေကို ဆွဲယူပြီးအမြန်ဝတ်လိုက်တယ် …

" ဝင်လာခဲ့ "

ထိုအခါမှ တံခါးပွင့်လာပြီး ချူးရှန့်ဝင်လာတယ် … ဒါပေမဲ့ အခန်းထဲမှာ သခင်ကလွဲပြီး ကျန်တဲ့သူရှိမနေတော့မှ ချူးရှန့် သက်ပြင်းချလိုက်တယ် …

ဖန်းဂူအားရုံထဲ ညကအဖြစ်အပျက်တွေတရိတ်ရိတ်ပေါ်လာပြီး ဘေးနားကို ကြည့်လိုက်တော့ အဖြူရောင်မျက်နှာဖုံးတစ်ခုသာရှိနေတော့တယ် … အမည်မသိတဲ့ကောင်လေးကတော့ မရှိတော့ဘူး …

" သခင်လေး … ဘာဖြစ်ထားတာလဲ "

ချူးရှန့်က ရှုတ်ပွနေတဲ့ကုတင်ပေါ်မှာ တွေဝေနေတဲ့သခင်ကို မြင်ရတော့ အလန့်တကြားမေးမိသွားတယ် …

ထိုအခါ ဖန်းဂူက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး …

" မင်းအပူမပါဘူး …

ငါဒီမှာရှိနေတာ ဘယ်လိုသိတာလဲ "

" ကျွန်တော် သခင့်ကိုလိုက်ရှာတော့ နားနေခန်းမှာလို့ပြောတယ် …

သူတို့ပြောတဲ့အခန်းမှာ သခင်မရှိတာနဲ့ တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရှာခဲ့တာ "

ဖန်းဂူက ကုတင်ပေါ်ကနေထရပ်လိုက်ပြီး သူ့ကိုယ်ပေါ်က အင်္ကျိကို ကျနအောင်ပြင်ဆင်ရင်း မေးလိုက်တယ် …

" ဘာအရေးကြီးကိစ္စပေါ်လာလို့လဲ "

ထိုအခါ ချူးရှန့်က တံခါးဘက်ကို လှည့်လိုက်ပြီး …

" ဝင်လာခဲ့ "

သူ့အမိန့်အဆုံး၌ လူတစ်ဦးကို နောက်ပြန်ကြိုးတုတ်ထားလျှက်ဖမ်းချုပ်ထားပြီး ထိုလူကိုကိုင်ဆောင်လျှက် ရှန်ဝေဝင်လာတယ် …

" သူက … ဘယ်သူလဲ "

ဖန်းဂူ အဲ့ဒိလူကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားနေရတယ် … သူ့ကိုမြင်တော့ ထိုလူက သိသိသာသာကို ရှောင်ဖယ်နေတယ် … ချူးရှန့်က သူ့အင်္ကျိထဲက အဖြူရောင်ဆေးဘူးလေးကို ထုတ်ပြလိုက်ပြီး …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now