Chapter - 20 ( 🚨🔞🚨 )

62.6K 4.7K 283
                                    

#Unicode

ဒီလောကမှာ အမှောင်နယ်မြေနဲ့အလင်းနယ်မြေဆိုပြီး ၂ မျိုး ၂ စားရှိတယ် … ဖန်းဂူတို့လို တရားမဝင် လက်နက်တွေကုန်သွယ်မှုပြုလုပ်တာက အမှောင်နယ်မြေဖြစ်ပြီးတော့ ရှုယွမ်တို့လို မကောင်မှုတွေဖယ်ပြီး တရာဥပဒေကိုလက်ကိုင်ထားရှိကာ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ဆောင်တာကို အလင်းနယ်မြေလို့ခေါ်တယ် …

သေချာပေါက် ဖန်းဂူက အမှောင်နယ်မြေက ဘုရင်တစ်ဆူဖြစ်ပြီးတော့ သူ့ကိုဘယ်သူမှအာမခံရဲကြဘူး … အလင်းနယ်မြေက သူ့ရဲ့သရုပ်မှန်ကို သိရှိသူနည်းသလို အမှောင်နယ်မြေက အဖွဲ့အစည်းတွေက ရှန်ဖန်းဂူဆိုတဲ့နာမည်ထက် တောဘုရင် Lion ဆိုတဲ့နာမ်စားကိုသာ စကားဝှက်အဖြစ် သုံးနှုန်းကြတယ် … ဒါကြောင့် ဂျိုးလ်က ရှန်ဖန်းဂူနဲ့ Lion တစ်ယောက်ထည်းဆိုတာကိုမသိတာ အံ့ဩစရာတော့မရှိပါဘူး …

ဒါပေမဲ့ အံ့ဩရမှာတစ်ခုတော့ရှိတယ် … ရှုယွမ်က ဘာကြောင့်သူ့စီနီယာကို ဖန်းဂူအကြောင်း မပြောပဲ ဖုံးကွယ်ပေးထားလဲဆိုတာပဲ … ရှုယွမ်ထက် ဖန်းဂူအကြောင်း အသေးစိတ် သိတဲ့သူ ဘယ်သူမှမရှိနိုင်တော့ဘူး … နှစ်တွေအကြာကြီး အပင်ပန်းခံ ဖန်းဂူအားနည်းချက်ကိုလိုက်ရှာပြီး ဖမ်းမယ်တကဲကဲလုပ်နေပေမဲ့ ခုချိန်ထိ အကောင်အထည်မဖော်နိုင်သေးဘူး …

အကယ်၍ ရှုယွမ် ဂျိုးလ်ကို ဖန်းဂူရဲ့သရုပ်မှန်ပြောပြပြီး ပူးပေါင်းဖမ်းစီးမယ်ဆိုရင် ဒီအခြေအနေမှာ ဖန်းဂူအတွက် ပြေးပေါက်ပိတ်စေမှာအသေအခြာပဲ … Lion က ပြစ်မှုမှတ်သမ်းအတိအကျမရှိပေမဲ့ အရာရှိတွေရဲ့ အရေးစိုက်ခံရတဲ့ မျက်နှာမဲ့ ခေါင်းဆောင်တစ်ဦး … ပြီးတော့ မှောင်ခိုလောကရဲ့ မှတ်တမ်းတွေထဲမှာ ထိပ်ဆုံးမှာဖော်ပြခြင်းခံရပြီး သူ့အကြောင်း ဘယ်သူမှ ရေရေရာရာမသိကြပေ …

ရှန်ဖန်းဂူထိုအရာကို တွေးမိတော့ သူ့ဘေးမှာ မျက်နှာသေကြီးနဲ့ ထိုင်နေတဲ့ ရှုယွမ်ကို တစ်ချက်ကြည့်လိုက်မိတယ် … ဒီကောင်က သူ့ကိုဘာကြောင့်မဖမ်းလဲဆိုတာက အားလုံးအရေးစိုက်နေကြတဲ့ Lion ကို ပြစ်မှုကြီးကြီးရဲ့သက်သေနဲ့တကွ ဖမ်းစီးပြီးမှ နေရာကောင်းဝင်ယူချင်လို့ပဲ ဖြစ်မယ်လို့ ဖန်ဂူစိတ်ထဲကနေ ထွေးထင်လိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now