Chapter - 25

43.3K 5.1K 268
                                    

#Unicode

' ဒိုင်း '

အခန်းတွင်းရှိလေထုဟာ ရုတ်ချည်ငြိမ်သက်သွားတယ် …

ကျယ်လောင်လှတဲ့ သေနတ်သံအဆုံး၌ လဲကြသွားတဲ့ မင်းယွီကိုယ်လေးအား ချူးရှန့် အလျှင်အမြန်ပင် လှမ်းဖမ်းလိုက်တယ် …

သို့ပေမဲ့ မင်းယွီရဲ့ကိုယ်ပေါ်၌ သွေအစအနလေးပင်ရှိမနေခဲ့ …

ထူးပူသွားတဲ့ ချူးရှန့် မင်းယွီကိုယ်က သွေးများစီးကျလာခြင်းမရှိတော့မှ သက်ပြင်းချလိုက်နိုင်တော့တယ် …

အနောက်ကိုလှည့်ကြည့်မိတော့ ဖန်းဂူသေနတ်က မင်းယွီထံချိန်ရွယ်ထားသော်လဲ ပြစ်လိုက်သည့် ကျည်ဆန်ဟာ မင်းယွီအနောက်က ပြတင်းပေါက်မှ ခုလေးတင်အိမ်ထဲကနေထွက်သွားတဲ့ ဒေါက်တာရဲ့ကားအတွင်းသို့ ထိမှန်ပြီး ခြံထံကနေထွက်တော့မည့် ထိုကားဟာ နံရံကိုပြစ်ဆောင့်မိပြီး ' ဝုန်း ' ဆိုသောအသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာတော့တယ် …

အေးဆက်သည့် ဖန်းဂူအကြည့်တွေက ခန့်မှန်းရခက်သော်လဲ အဆုံး၌ လက်ထဲက သေနတ်အား သူ့ရဲ့ခါးကြားထဲသို့ ပြန်ထိုးသွင်းလိုက်တယ် …

ချူးရှန့် သခင်အကြောင်းကောင်းကောင်းသိတယ် … သခင်က ဘယ်သောအခါမှ မစဉ်းစားပဲ စိတ်လိုက်မာန်ပါ မလုပ်တတ်ဘူး …

သူက ဆုံးဖြတ်ချက် ပျက်သားသလို သူ့ဆုံးဖြတ်ချက်တိုင်းက အမှားအယွင်း တစ်စုံတစ်ရာမှ မရှိခဲ့ဘူး …

ယခုလဲ ချူးရှန့် စိတ်ပူလွန်သွားမိတယ်ဟု ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတယ် …

သခင်ရဲ့ပုံစံက မင်းယွီကို ထက်ပြီး အန္တရာယ်ပြုမည့်ပုံ မပေါ်တော့၍ ချူးရှန့် သတိမေ့သွားတဲ့ မင်းယွီကိုယ်ပေါ် စောင်လွှားခြုံပေးလိုက်ပြီး မတ်သပ်ရပ်ကာ ဖန်းဂူအား တောင်းပန်လိုက်တယ် …

" ကျွန်တော် အထင်မှားသွားမိတဲ့အတွက် တောင်းပန်ပါတယ် "

" ခုချက်ချင်း Dr.… ကားမှောက်ပြီး ဆုံးပြီလို့ ကြေငြာလိုက် …

ခုချိန်မှာ ဒီကောင်လေးအကြောင်းသိတာ မင်းနဲ့ငါပဲရှိတယ် … ဘယ်သူ့ကိုမှမပြောနဲ့ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now