Chapter - 26

41.2K 5.1K 302
                                    

#Unicode

ယူကရိန်းဟာ ယခင်ဆိုဗီယက်ပြည်တောင်စု ချန်ထားခဲ့တဲ့ လက်နတ်ခဲယမ်း အမြောက်အများရှိတဲ့နိုင်ငံတစ်ခု … ဖန်းဂူတို့ ရှန်ဟွှာဂိုဏ်ရဲ့ အများဆုံး ကျက်စားရာနယ်မြေတစ်ခုလဲဖြစ်တယ် …

ထိုနယ်မြေကို ပိုင်ဆိုင်ချင်သူအမြောက်အများရှိပေမဲ့ ဘယ်သူမှ Lion ကိုမကျော်ရဲကြဘူး … နယ်စပ်စစ်တပ်တွေနဲ့ပါ ပူးပေါင်းထားတဲ့ Lion က ထိုနေရာရဲ့ဘုရင်တစ်ဆူဖြစ်လာခဲ့တယ် …

အဓိက လက်နက်ထုတ်လုပ်ရာ နယ်မြေဖြစ်သလို ရှန်ဟွှာဂိုဏ်းရဲ့ ရွှေတွင်းကြီးလို့ဆိုရင်လဲ မမှားဘူး … ဂိုဏ်းများစွာရဲ့ မျက်စိကျမှုကိုခံရတဲ့ ထိုနယ်မြေက မကြာခန စစ်ဖြစ်ပွားလေ့ရှိတယ် …

ဖန်းဂူချယ်လှယ်နေတာက ရူကရိန်းရဲ့အရှေ့ပိုင်းဖြစ်ပြီးတော့ လက်နက်တွေထုပ်ပြီး အမှောင်ဂန်းစတားတွေ နေထိုင်ရာနယ်မြေဖြစ်ပေမဲ့ အနောက်ယူကရိန်းကတော့ သူ့တို့နဲ့ဆန့်ကျင်နေတယ် …

သူတို့ကတရားမျှတမှုကိုလိုလားပြီး မကောင်းမှုတွေကို ဖယ်ချင်နေတဲ့ အလင်းနယ်မြေကလူတွေ … တရားဥပဒေကိုလက်ကိုင်ထားပြီး အမေရိကန်နဲ့ဆက်သွယ်ကာ အရှေ့ပိုင်း ငြိမ်းချမ်းရေးအတွက် Lion ကိုဖယ်ရှားချင်နေကြတယ် …

သို့ပေမဲ့ ဖန်းဂူရဲ့ပါးလစ်မှု အင်အားကြီးမှုတွေကြောင့် ဟာကွက်သေးသေးလေးတောင် သူတို့ရှာမတွေ့ကြဘူး … ဒါကြောင့်လဲ ရှန်ဖန်းဂူက ထိုနယ်မြေရဲ့ ရှင်ဘုရင်တစ်ပါအဖြစ် သတ်မှတ်ခံရတာ မဆန်းလှပေ …

ဖန်းဂူ အလင်းနယ်မြေမှာ အချိန်တခန နေမိလိုက်တဲ့အချိန် နောက်ပိုင်းမှာ သတ္တိကြောင်တဲ့ မြေခွေးတစ်စုက ဖန်းဂူနယ်မြေကို လုယက်ဖို့ကြိုးစားကြတယ် …

အဲ့ဒါက အနောက်ပိုင်းကလူတွေကို သွေးဆူစေပြီး တိုက်ခိုက်ဖို့ ဟာကွက်ကိုရှာဖွေဖို့ လှုန့်ဆော်နေသလိုပဲ … အရှေ့ပိုင်းက သိုသိုသိပ်သိပ် လုပ်ရမဲ့ကိစ္စတွေကို တမင်တကာ ပွဲကြီးဖြစ်အောင် ဖန်တီးနေကြတယ် …

ဖန်းဂူ လူမှုရေးကိစ္စနဲ့ အလုပ်ရှုပ်နေသည်ကို အခွင့်ယူပြီး လက်နက်တိုက်ကို ဖောက်ထွန်းဖို့ကြိုးစားကြတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now