Chapter - 31

38.7K 4.4K 288
                                    

#Unicode

ပူလောင်တယ် … ရူးမတတ်ပဲ … ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားသလိုမျိုး ဒီခံစားချက်ကြီးက ဆိုးရွားလွန်းတယ် …

သေပြီလို့တောင်ထင်ခဲ့တာ တကယ်ကိုသေပြီထင်ခဲ့တာ … နာကျင်မှုက ပြင်းထန်လွန်းတယ် … ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲစုပ်ခံနေရသလိုပဲ … အားအင်တွေလဲမရှိတော့ … ဘာဆိုဘာမှမရှိတော့သလိုမျိုး အားနည်းနေတယ် …

" ဟင့် … အ့ "

" နောက်ဆုံးတော့ မင်းသတိရလာပြီပေါ့ "

မျက်ခွံတွေက လေးလံနေပြီး အမှောင်ထဲကနေ အလင်းဆူးဆူးကိုမြင်နိုင်ဖို့အတော်ကြာကြိုးစားယူရတယ် … ဝေဝါးဝါးမြင်ကွင်းတချို့က အားရုံထဲမှာတဖြေးဖြေး ပေါ်လာတယ်  … ကျောအောက်ခြေက လှုပ်ရှားနေပုံကိုကြည့်ရင်း ခုချိန်ထိ လှေထဲမှာပဲ ရှိနေသေးမှန်း မင်းယွီသိလိုက်ပြီ …

ပါစပ်ထဲကိုဝင်လာတဲ့ ခါးသက်သက်အရသာကြောင့် ပါစပ်ကိုတင်းတင်စေ့ထားပြီး ထွေးထုတ်ကာ ချောင်းဆိုးလိုက်တယ် …

" အဟွတ် … အဟွတ် … ခါးတယ် "

နောက်ထက်တဖန် ဝင်လာတဲ့အခါးရည်တွေကို ရှောင်ဖယ်ဖို့ မင်းယွီခေါင်းကိုဆောင်းလိုက်တယ် … တကယ်မသောက်ချင်ဘူး … ဆေးခါးတွေကို သောက်ရမဲ့အစား သေလိုက်တာမှကောင်းအုံးမယ် …

" မင်း မသောက်ဖူးဆိုရင် အားရှိလာမှာမဟုတ်ဘူး … ကုန်အောင်သောက် "

အမိန့်အာဏာအပြည့်နဲ့ ခိုင်းစေသံ … မင်းယွီလှည့်ကြည့်ဖို့ဆန္ဒမရှိဘူး … သူ့ကိုဒီလိုအခြေအနေထိဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ … အယ်ဖာတိုင်းက သူတို့ရဲ့အိုမီဂါကို သေအောင်လုပ်ရတာ ကြိုက်တာလား … ဒါကလုံးဝမတရာဘူး …

သူငြင်းဆန်နေမှန်းသိတော့ ဆက်ပြီးမတိုက်တော့ပဲ ဆေးတွေကို တဖက်ကခုံပေါ်မှာချထားပြီး မင်းယွီကိုယ်ကိုမကာ အနောက်သို့မှီစေလိုက်တယ် …

တစ်ကိုယ်လုံးညောင်းညာနေပြီး ခေါင်းတွေလဲထူပူနေပြီ … ဘယ်လောက်ကြာအောင်သတိမေ့နေလဲမသိပေမဲ့ ဒီခံစားချက်ကြောင့် အိမ်မှာ အိပ်ယာထဲပဲ အမြဲလှဲနေရတဲ့ ဖခင်ရဲ့ဝေသနာကို မင်းယွီနားလည်သွားခဲ့တယ် … ဘယ်လောက်တောင် ညောင်ညာနေလိုက်မလဲ … ခု ပါပါးကျန်းမာရေးရော ကောင်းရဲ့လာ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now