Chapter - 55 ( 💔💔💔😭 )

33.5K 4K 640
                                    

#Unocode

ရွာလေးရဲ့ဖောက်ခွင်းမှုက အပျက်အစီးတွေအများကြီးရှိခဲ့တယ် ... ဒါက Aမြို့ရဲ့မြေအတွင်းမှာပဲရှိနေသေး၍ ရှန်ဟွှာပိုင်သည်ဖြစ်စေ ပြည်သူအများအပြားဒုက္ခရောက်ကြပြီး ဒီနယ်ရဲ့ ထွက်ကုန်တွေအားလုံး ဆုံးရှုံးသွား၍ မြို့ကအရာရှိတွေနဲ့လဲဆိုင်သွားပြီ ...

အရာရှိရှုယွမ်နဲ့ အပေါင်းပါများက ညတွင်းချင်းပဲ ထိုနယ်ကို ထွက်လာခဲ့ကြတယ် ... သူတို့ရောက်လာတော့ ရွာထဲမှာရှိတဲ့ အိမ်ခြေတွေအများအပြားမီးလောင်ခံထားရပြီး ပြည်သူတစ်ဝက်ခန့်ကလဲ အသက်ဆုံးပါးသွားကြတယ် ...

သီးနှံစိုက်ခင်းအများအပြား ပျက်စီးသွားပြီး ထိုနယ်က အလှတရာတွေနေရာမှာ ပြာမှုန့်များဖုံးလွှမ်းနေပြီး ယခင်က သာယာဝပြောတဲ့ဒေသက ခုတော့ ခြောက်ခြားဖွယ်ရာကောင်းလွန်းတဲ့ မြင်ကွင်းအဖြစ် ပြောင်းလဲသွားလေတယ် ...

အရာရှိတွေက ဖောက်ခွဲရေးပစ္စည်းတွေရဲ့ အစအနကို စုဆောင်းပြီးတဲ့နောက်မှာတော့ တိကျတဲ့အဖြေတစ်ခု ထွက်လာခဲ့တယ် ... ထိုအရာက Lion ထုတ်လုပ်တဲ့ လက်နတ်တွေရဲ့အပိုင်းအစများဟူ၍ ...

ရှုယွမ်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်ဆယ်ပြီး နေရာချပေးနေတယ် ... သူမှာယူထားတဲ့မြို့ပေါ်က ထောက်ပံ့ရေးကားတွေ မကြာခင်ရောက်လာတော့မှာမို့ မနက်စာအတွက် ပြည်သူတွေကို ဝေငှပေးဖို့ စုဝေးစေလိုက်တယ် ... ထိုစဉ် စုံစမ်းရေးအဖွဲ့က အရာရှိရောက်လာပြီး ...

" Sr.ရှုယွမ် ... ဒါ ... ဒါက Lion ရဲ့အမှတ်တံဆိတ်တွေကြီးပဲ "

သူက ဖောက်ခွဲရေးအပိုင်းအစတွေကို စုထားတဲ့ အိပ်တစ်လုံးကို ရှုယွမ်ထံ ယူပြခြင်းဖြစ်တယ် ... သူ့ရဲ့မျက်နှာမှာ မကျေနပ်မှုများစွာနဲ့ ... တောက်တစ်ချက်ခေါက်လိုက်ရင်း ...

" တောက် !! ဒီခွေးကောင် ရှန်ဖန်းဂူက ရက်စက်ယုတ်မာတဲ့ Lion ဖြစ်နေလိမ့်မယ် ထင်မထားဘူး ...

ဆရာရှုယွမ်ပြောကတည်းက ကျွန်တော်တို့ ယုံပြီးတားစည်းနိုင်ရင် သူဒီလောက်အတင့်ရဲလာမှာမဟုတ်ဘူး ... ခုတော့ ... "

သူကဆက်ပြီးပြောရန်ပင် စိတ်ကုန်နေသည့်ဟန် အသက်ပြင်းပြင်းရှူထုတ်လိုက်တယ် ... ရှုယွမ်မျက်နှာကတော့ ပြောင်းလဲခြင်းမရှိ တည်ငြိမ်လျှက် သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲ ခန့်မှန်းခက်လှတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now