Chpter - 70

29.6K 4.3K 809
                                    

#Unocode

" Boss … အားလုံးအဆင်ပြေတယ် …

မော်ဒယ်ကို ပိုက်ဆံပေးပြီး ရှင်းထားပြီးပြီ "

" ကောင်းတယ် … ဘယ်အချိန်ထိ ရှန်ဟွှာ အောင်မြင်နိုင်မလဲ ကြည့်ကြသေးတာပေါ့ "

ရောင်စုံမီးလုံးတွေကြား ကခုံနေတဲ့ အိုမီဂါတွေအရှေ့မှာ ခြေတစ်ဖက်ချိတ်ထားလျှက် ထိုင်နေတဲ့လူတစ်ယောက် … သူ့ရဲ့ပုံစံက အသက် ၂၅ အရွယ်မျှသာရှိပြီး ပျက်စီးနေတဲ့ သူဌေးတစ်ယောက်ဆိုတာ ခန့်မှန်းစရာမလိုဘူး …

သူက အဆင့်မြင့်အယ်ဖာတစ်ယောက်ဖြစ်သလို သူ့ရဲ့ဖခင်က Chenသခင်ကြီးဖြစ်ပြီး ချေးငွေလုပ်ငန်းနဲ့အမွေစီမံခန့်ခွဲရေးရဲ့ ဥက္ကဌဖြစ်တဲ့အပြင် ချန်းယောင်က ပွေရှုတ်တဲ့ သူဌေးပေါက်စတစ်ရောက် …

ခု SH Club မှာရှယ်ယာဝင်ထားပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က ရှန်ဟွှာကိုအောင်မြင်အောင် အကြိုးသူပူးပေါင်းဖို့မဟုတ်ပဲ ရှန်ဟွှာကိုအရှက်ခွဲဖို့အတွက် ချင်းကပ်ချင်းသာဖြစ်တယ်  …

ဘယ်တုန်းကမှ ရှန်ဟွှာရဲ့ လုပ်ငန်းရှင်အစည်းအဝေးပွဲတွေမတက်ရောက်သလို ဥက္ကဌဂူနဲ့လဲ တစ်ကြိမ်တစ်ခါမှ မဆုံတွေ့ခဲ့ဘူး … ငွေပေးရင်ဘာမဆိုဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ မခန့်လေးစားနေနေခဲ့တယ် …

ခုလဲ SH ရဲ့အစီအစဉ်အသစ်ကို နှောက်ယှက်ဖို့ မော်ဒယ်တွေကို ဖျားယောင်းကာ နှောက်ယှက်ပေမဲ့ ဆောင်ယွန်ဆွန်းကိုတော့ သူမလုပ်နိုင်ဘူး … ဒါပေမဲ့ သူနဲ့တွဲမဲ့မော်ဒယ်ကိုတော့ ပထုတ်နိုင်ခဲ့တယ် …

" ကို … ကျွန်မတို့နဲ့အတူကရအောင် "

" သွားစမ်းပါ … ငါခု ရှန်ဟွှာရဲ့အရှက်ကွဲမဲ့အစီအစဉ်ကိုစောင့်နေတယ် …

မင်းနဲ့အားအားယားယားကနေဖို့အချိန်မရှိဘူး "

သူတို့သခင်စိတ်မကြည်မှန်းသိတော့ အားလုံးတိတ်ဆိတ်သွားလေတယ် … တစ်ခနကြာတော့ ရှန်ဟွှာရဲ့ Live ထုတ်လွှတ်မဲ့ အချိန်အခါ ကျရောက်လာလေတော့တယ် …

" Boss … အစီအစဉ်စတော့မယ် "

လာပြောသူရဲ့မျက်နှာက အနည်းငယ်သုန်မှုန်လျှက် … အစီအစဉ်မစနိုင်အောင်ပြုလုပ်ဖို့မှာထားပေမဲ့ အချိန်ကျလာတဲ့အခါ အစီအစဉ်စတော့မဲ့အကြောင်း ပြောလာတော့ အလိုမကျတဲ့သူ့ရဲ့အမူအရာက ပိုလို့ပင်ဆိုးရွားလာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now