Chapter - 84

23.9K 3.1K 209
                                    

#Unicode

ရှုယွမ် လုယီလေးကိုပွေ့ချီထားလျှက်ဖန်းဂူထံလျှောက်လာတော့ အနောက်မှ ရွာလူကြီးရောက်လာတယ် … သူက ရှုယွမ်ကိုမြင်တော့ အံ့အားသင့်လျှက် နှုတ်မှလဲ သတိမဲ့စွာ စကားတစ်ခွန်း ထွက်လာခဲ့တယ် …

" အရာရှိယွမ် "

ရှုယွမ် သူ့ကိုအရာရှိမှန်းသိနေတဲ့ သာမန်လူတစ်ယောက်ကမြင်တော့ မအံ့ဩပဲမနေနိုင် … သူ့ရဲ့ယခုပုံစံက သာမန်လူတစ်ယောက် နေ့စဉ်ဝတ်နေကြပုံစံဖြစ်သလို မြို့ကြီးပေါ်က လူတိုင်းတောင်မှ သူ့အား အရာရှိတစ်ယောက်ဆိုတာ ယခုပုံစံကြည့်ပြီး မပြောနိုင်ကြဘူး … ရှုယွမ်က ရုပ်ပြောင်းရုပ်လွဲနေရာမှာ ဆရာတစ်စူလို့ပြောလို့ရနိုင်တယ် … ဒါပေမဲ့ ဒီဇနပုဒ် တောရွာကလူတစ်ယောက်က သူ့ရဲ့ပုံစံအမှန်ကိုဘယ်လိုသိနေလဲဆိုတာ ရှုယွမ်မစဉ်းစားပဲမနေနိုင်တော့ပေ …

ဖန်းဂူထံသွားနေတဲ့ခြေလှမ်းတွေရပ်သွားပြီး ရွာလူကြီးထံအကြည့်ရောက်သွားချိန်မှာတော့ ရွာလူကြီးလဲ သူ့စကားကိုသူ သတိထားမိသွားသည့်ဟန် မျက်နှာအနည်းငယ်ပြောင်းလဲသွားတယ် …

သူ့အကြောင်းကို ဖန်းဂူများပြောထားတာလားဆိုပြီး ဖန်းဂူထံကြည့်ပြန်တော့လဲ ဖန်းဂူလဲအနည်းငယ်အံ့ဩနေပုံ … သို့ပေမဲ့ ဖန်းဂူရဲ့သဘာဝ သူ့မျက်နှာထားကပြောင်းလဲခြင်းမရှိ … ရွာလူကြီးရဲ့ခေါ်သံက တိုးလှ၍ ရွာသူရွာသားတွေ သတိထားမိပုံမပေါ်ပေ … တစ်ခနကြာမှာ ရွာလူကြီးမျက်နှာ ပုံမှန်ပြန်ဖြစ်သွားပြီး အရှေ့သို့ထွက်လာကာ ဧည့်သည်အား စည်းကြိုးဟန်ဖြင့်  …

" ဒီက ဧည့်သည်က သခင်လေးဖန်းဂူရဲ့အသိလား …

ဒါဆို အိမ်ကိုဖိတ်ခေါ်ပါရစေ "

ပွဲတော်ရပ်မို့ ရွာထဲလူစုံနေပြီး ယခုနေရာမှာလဲ လူများဝိုင်းအုံနေခြင်းကြောင့် ရှုယွမ်ကြာကြာရပ်မနေချင်၍ ရွာလူကြီးအိမ်လိုက်လာခဲ့လိုက်တယ် … ရှုယွမ်က အရှေ့ကနေ လမ်းပြနေတဲ့ရွာလူကြီးကိုအကဲခပ်လိုက်ပြီး မေးမြန်းကြည့်လိုက်တယ် …

" ဒီက လူကြီးမင်းက ဘယ်သူလဲ "

" ကျွန်တော်က ဒီရွာက သူကြီးတစ်ယောက်ပါ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now