Chapter - 85

21.7K 3.3K 190
                                    

#Unicode

ချူးရှန့်တစ်ယောက် ဖန်းဂူနဲ့ရှုယွမ် အခန်းထဲ ၂ ယောက်ထည်း ဝင်သွားသည့်အချိန်ကတည်းက စိတ်မအေးနိုင်ပဲ အခန်းရှေ့မှနေ တောင်လျှောက်မြောက်လျှောက် ကနာမငြိမ်ဖြစ်နေလေတယ် …

သူသိတာပေါ့ … ရှုယွမ်ဆိုတာ အလင်းလောကရဲ့ နတ်ဘုရားဟုတောင် တင်စားခံရသူ … မှန်ကန်မှုကိုသာရွေးချယ်ပြီး ကမ္ဘာလောကကြီး ငြိမ်းချမ်းဖို့အတွက် ဆောင်ကျဉ်းပေးသည့်နတ်ဘုရားတစ်ပါပင် …

ပြီးတော့ဘယ်လောက်ပင် သူတို့သူငယ်ချင်း ၂ ယောက် အရင်လိုမျိုး အဆင်ပြေသင့်မြတ်ပါစေမျှော်လင့်ပေမဲ့ ဟိုအရင်အချိန်တွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် အမှောင်ရဲ့ဘုရင် Lion ဆိုတာ ရှန်ဖန်းဂူဖြစ်ကြောင်း အမြဲဖော်ထုပ်ချင်သူက ရှုယွမ်ကိုယ်တိုင်ပဲ …

ဒီလိုဆို သူတို့ရဲ့ခင်မင်မှုက ပျက်သုန်းသွားပြီဆိုတာ သေချာသလောက်ရှိနေပြီး အချိန်အခါမရွေး သူ့ရဲ့သခင်ကို အန္တရာယ်ပေးနိုင်သည့် ဗုံးတစ်လုံးလဲဖြစ်နေပြန်တယ် … အလင်းလောကရဲ့နတ်ဘုရားနဲ့ အမှောလောကရဲ့ဘုရင်ဟာ ရေနဲ့မီးလိုခြားနားလွန်းလှပြီး သတိကြီးကြီးထားမည့်သူမျိုးထဲမှာ ရှုယွမ်က ထိပ်ဆုံးကပင် …

ရှန်ဖန်းဂူက အမှောင်လောကကို စွန့်ခွာလိုက်တာမျိုးမဟုတ်ပဲ ခနသာအနားယူချင်းဖြစ်သလို Lion မရှိတဲ့အမှောင်လောကဟာလဲ ဖရိုဖရဲသာရှိနေလိမ့်မယ် … တကယ်တော့ Lion ဆိုတာ မှောင်ခိုလောကရဲ့ဘုရင်ဖြစ်သလို အားလုံးကို ဖိနှိပ်ကာ ထိန်းချုပ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး …  အမှောင်လောကမှာ သူမရှိလို့ မဖြစ်ဘူး …

ယခု ဖန်းဂူဘယ်လောက်ပင် အလင်းမှာနေပြီး ပြောင်းလဲနေပါစေ သူ့ရဲ့ အမှောင်လောကနတ်ဘုရား Lion ဆိုတဲ့အရိပ်မဲကြီးက ပျောက်ကွယ်သွားမည်မဟုတ်ခြေ … ထိုအရာက အားလုံးရဲ့ မျက်စိကျစရာ ပြစ်မှတ်တစ်ခုဖြစ်နေပြီး ရှုယွမ်က ထိုအရာတွေအားလုံးကိုသိနေတဲ့အတွက် ရှန်ဖန်းဂူကျရှုံးနိုင်တဲ့ အားနည်းချက် ဖြစ်လာမှာကို ချူးရှန့်ကြောက်နေခြင်းပင် …

ချူးရှန့် သူ့ကိုပင် အဝင်မခံပဲ ၂ ယောက်ထည်းဆွေးနွေးနေခြင်းအား ရှုယွမ်ရဲ့လှည့်ကွက်တစ်ခုဖြစ်နေမှာကို ဆိုးရိမ်ပူပန်နေမိတယ် … ထိုစဉ် ဘေးနားက သစ်ပင်ရဲ့ပင်စည်ပေါ်ကိုမှီထားလျှက် စိတ်ပြေနပြေနေနေတဲ့ ရှန်ဝေက ချူးရှန့်ရဲ့ပူပန်နေပုံကိုစိုက်ကြည့်နေလေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now