Chapter - 87 ( 💕💕💕 )

23.4K 2.7K 212
                                    

#Unicode

လူတွေ​ေပြာနေကြစကားတစ်ခုရှိတယ် ... မင်းမှာ ကာကွယ်ပေးရမဲ့လူတစ်ယောက်ရှိရင် မင်းကအားနည်းသူတစ်ယောက်ဖြစ်လာလိမ့်မယ် ... သူတို့ ဘာကြောင့်အဲ့လိုပြောသလဲဆိုတာမသိဘူး ... လူဆိုတာ တခြားတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက် တိုက်ခိုက်ကြရတယ် ... အဲ့လိုလုပ်ရင် ကိုယ့်ကိုယ်ကို အန္တရာယ်ထဲပြစ်ချသလို ဖြစ်သွားတာကြောင့်လား ...

အင်အားကြီးမားသူ အင်အားနိမ့်ကျသူဆိုတာ တသပ်မတ်ထည်းမရှိနေဘူးဆိုပေမဲ့ ရှန်ဖန်းဂူဆိုတဲ့ အင်အားကြီးသူကိုတော့ လွယ်လွယ်နဲ့ ရှုံးနိမ့်အောင်စွမ်းဆောင်နိုင်ဖို့ မင်းတို့ ၁၀ ဘဝလောက်ကြိုးစားရလိမ့်မယ် ...

ခုချိန်မှာ ကာကွယ်ပေးရမဲ့မိသားစုတွေရှိလာခဲ့ပြီဆိုပေမဲ့ ခြင်္သေ့ရဲ့အသိုက်ကိုဖျက်စီးချင်ရင် မင်းက ခြင်္သေ့ကိုအနိုင်ယူနိုင်မှရလိမ့်မယ် ... ခုချိန်မှာ ခြင်္သေ့က မိသားစုကိုကာကွယ်ပေးမဲ့ ဒိုင်ဖြစ်နေပြီမို့ ... မယားနဲ့သားကိုထိ ဓားကြည့်ဆိုတဲ့သူမျိုး ...

A မြို့တော် ...

" သခင်မကြီး ... သခင်လေး ရောက်နေတယ် "

သခင်လေးဆိုသည့်အသံကြားတာနဲ့ သခင်မကြီး အခန်းထဲမှနေအပြေးလေးထွက်လာမိလေတယ် ... သူမစိတ်ထဲမှာ လွမ်းဆွတ်နေတဲ့ သားလေးအထင်နဲ့ ... သို့ပေမဲ့ သူမတွေ့လိုက်ရတာက တစ်ခြားတစ်ယောက်ပင် ...

" ရှန်ရှုမန်း "

ရှုမန်းထောင်ကလွတ်လာတာ တစ်လရှိခဲ့ပြီ ... ဒီလိုအခြေအနေတွေရောက်လာမယ်ဆိုတာ သူမသိနေခဲ့တယ် ... ရှန်ဟွှာမှာ မျိုးဆက် ၂ ခုရှိတယ် ... ရှန်ကူးမန်နဲ့သူမနဲ့ကွာရှင်းစာချုပ်မှာလက်မှတ်မထိုးထားပေမဲ့ ရှန်ကူးမန်နဲ့ရှုမန်းမိခင်နဲ့မှာ တရားဝင်စာချုပ်ရှိတဲ့အတွက် မိဘတွေပျက်ဆဲသွားရင်တောင် ရှုမန်းက ကူးမန်ရဲ့တရားဝင်သားဖြစ်သလို ရှန်ဟွှာရဲ့သခင်တစ်ယောက်လဲဖြစ်တယ် ...

မခြေအနေတွေက ဖန်းဂူထွက်သွား၍ လုပ်ငန်းမှာဦးဆောင်မဲ့သူမရှိချိန် ရှုမန်းက အချိန်ကိုက်ရောက်လာခြင်းပင် ... သူက ရှောင်လွှဲလို့မရတဲ့အချိန်မှာ အသာလေးလက်ဦးယူဖို့ အကြံအစည်နဲ့ရောက်လာပုံပဲ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now