Description(Unicode&Zawgyi)

11.1K 328 8
                                    


မုမိသားစုတွင် အတင်းအဖျင်းကြီးတစ်ခုရှိခဲ့သည်။
မုမိသားစု၏ သမီးအရင်းသည် သူမကလေးဘဝကတည်းက ကလေးထိန်း၏လဲလှယ်ခြင်းကို ခံခဲ့ရ၏။ မုမိသားစုသည် 17နှစ်နောက်ပိုင်း မတိုင်ခင် သူမကို ကျေးလက်ဒေသမှ ပြန်လည်မခေါ်ဆောင်ခဲ့ပေ!

သမီးအစစ် ပြန်ရောက်လာပြီးနောက်- ချစ်ခင်မှုမရှိ ကရုဏာသာရှိသည်။

မုမိသားစု မိဘများသည် သူမကို မေးမြန်း၏ "ငါတို့က ယောင်ယောင်နဲ့ လေးနက်တဲ့ ဆက်ဆံရေးရှိတယ်။ ငါတို့ သူမရဲ့မျက်နှာ အပျက်မခံနိုင်ဘူး။ ငါတို့က မင်းကို မွေးစားသမီးအဖြစ်ပဲ လောကကြီးရဲ့အပြင်ကို  ကြော်ငြာနိုင်မယ်။ မင်းငါတို့ကို အပြစ်မတင်ဘူးမလား?"

သူမ၏သတို့သားလောင်းသည်လည်း "ငါရဲ့ သတို့သမီးလောင်းကလည်း ယောင်ယောင်ပဲ ဖြစ်နိုင်တယ်! ဒီကနေထွက်သွားစမ်း လူနုံရွာသူမ"
သူမ၏အကိုကြီး မုချင်းယီ၏သဘောထားသည်လည်း ပို၍ပင် ရှုပ်ထွေးလေ၏။

အရာအာလုံးထိုကဲ့သို့ ဖြစ်နေစေကာမူ သမီးအရင်း
ရှီရှင်းတော သည် ဂရုမစိုက်စွာ ပြောလေသည်"ကိစ္စမရှိပါဘူး" ဟူ၍။
***
အသက်ငယ်ငယ်ရွယ်ရွယ် ရွှီရှင်းတော သည် ဆယ်ကျော်သက် တစ်ယောက်ယောက်နဲ့ ခန္တာကိုယ်ချင်း လဲလှယ်နိုင်သည်။ ထိုဆယ်ကျော်သက်သည် အနှောက်အယှက်ဖြစ်သည့် အသံဖြင့် အမြဲတမ်း အံ့အားသင့်စွာ ပြောဆိုလိမ့်မည် "ခန္တာကိုယ်တွေ လဲရအောင် ငါ စန္ဒရား သင်ခန်းစာတွေ သင်ရတာ သဘောမကျဘူး"

ရှီရှင်းတောသည် သူ၏ကိုယ်ကို ယူပြီးနောက် ဆယ်ကျော်သက်လေးကို များစွာသော ဆုတံဆိပ်များကို ရရန်၊ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာရန်ကူညီပေးခဲ့ပြီး သူ၏မြင့်မြတ်သော စိတ်နေသဘောထားနှင့် ပင်ကိုစွမ်းရည်ကို သွေးပေးခဲ့သည်။
***
ဧည့်ခံပွဲတစ်ခု၌ မုမိသားစုရှိအယောက်တိုင်းကြည့်နေစဉ် ချမ်းသာသည့် သခင်လေးတစ်ယောက်သည် ရှေ့သို့ လျှောက်ကာ ပြော၏ "မင်းက မိသားစုအသေးလေးကလာပေမဲ့ ငါရဲ့ကောင်မလေးဖြစ်ပေးပါ...မင်းကအရမ်းလှပတယ်"

အပြုံးတစ်ခုနှင့် ဖြေ၏ "ကျွန်မ ကျွန်မရဲ့မိဘတွေကိုတောင်လွမ်းလာပြီ"
အဲ့လို သဘောထားက ချက်ချင်းပြောင်းသွားတာလား?!

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now