Chapter 102(Unicode&Zawgyi)

704 75 2
                                    

ရွှီရှင်းတောနှင့် ထုန်းယန်ဟာ လုံးဝတုန့်ဆိုင်းမနေဘဲ သူတို့ရဲ့ဘုတ်ပြားပေါ်မှာ လျင်မြန်စွာ ချရေးလိုက်ပြီး သူတို့ရဲ့အဖြေ"0"ကို ပြသလိုက်ကြသည်။

သူတို့နှစ်ဦးဟာ နှစ်ပေါင်းများစွာ ခန္တာကိုယ် လဲခဲ့ကြတာဖြစ်သည့်အတွက် တစ်ယောက်ကိုတစ်ယောက် ဘယ်သူနဲ့အဆက်အဆံရှိလဲဆိုတာကို သိခဲ့ကြတာဖြစ်သည်။
သူတို့ဟာ တစ်ယောက်နှင့်တစ်ယောက် ယေဘုယျ နားလည်မှုရှိကြတာဖြစ်သည်။ သူတို့နှစ်ယောက်လုံး မချစ်ဖူးဘူးဆိုတာက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။

လုချီချောင်က နီးနီးကပ်ကပ် လျှောက်လာပြီး သူတို့ရဲ့အဖြေကို ကြည့်လိုက်သည်။ အဖြေတူတူဖြစ်နေကြောင်းကို မြင်သွားပြီးနောက် သူဟာ မှတ်ချက်ပေးလိုက်သည်။ "ကြည့်ရတာ သူတို့နှစ်ယောက်လုံးအတွက် အချစ်ဦး ဖြစ်ကြတဲ့ပုံပဲ"
သူပြောပြီးပြီးချင်းမှာပင် လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်သွား၏။

နောက်တစ်ယောက်က သူတို့ရဲ့မေးခွန်းကို မေးလိုက်သည်။ "တစ်ဖက်လူက အိပ်နေတဲ့အချိန်ဟောက်တတ်လား?"
လုချီချောင်က မေးခွန်းကို ကန့်ကွက်သည့်ပထမဆုံးလူပင်။ "ငါအိပ်နေတဲ့ချိန်မှာ ငါ့ကိုယ်ငါ ဟောက်လားဆိုတာကို သောက်ကျိုးနည်း သိမှာလားကွ? ဖြေဖို့ဆိုတာ မဖြစ်နိုင်ဘူး!"

ထိုသူက အမောတကော ပြောလိုက်သည်။ "ငါကမင်းကိုမေးနေတယ်လို့ ထင်နေတာလား? မင်း ဟောက်လားမဟောက်ဘူးလားဆိုတာ ဘယ်သူကဂရုစိုက်မှာလဲ?"
"ထိုအခါမှသာ လုချီချောင်တစ်ယောက် တုံ့ပြန်ပြီး အသံရှည်ဖြင့် ပြန်ဖြေလိုက်သည်။"အိုး_"

သို့သော်ငြား ထိုမေးခွန်းက ဖြေဖို့ရာမဖြစ်နိုင်တဲ့အတွက် ထိုသူက မေးခွန်းပြောင်းမေးရမည် ဖြစ်သည်။
သူဟာ နောက်မေးခွန်းတစ်ခုကို မေးလိုက်သည်။"တဖက်လူက တစ်ယောက်ယောက်ကို ကြိုက်နေလား?"

စူးဝေက သူ၏အဖြေကို ပထမဆုံး ပြသည့်သူဖြစ်သည်။ သူ၏အဖြေက သူဟာ ဘယ်သူကိုမှ မကြိုက်သော်ငြား ဝေ့လန်ကတော့ တစ်ယောက်ယောက်ကို ကြိုက်နေသည် ဟူ၍ပင်။

ဝေ့လန်က သူဟာ ဘယ်သူ့ကိုမှ မကြိုက်သလို စူးဝေကလည်း ဘယ်သူ့ကိုမှမကြိုက်ဟု ရေးထား၏။
ဝေ့လန်ဟာ စူးဝေ၏ မေးခွန်းဘုတ်ပြားကို ကြည့်ပြီး ပြောလိုက်သည်။ "ငါသိပ်မကြာခင်ကမှ လက်လျော့လိုက်တာ။ ငါအခုချိန်မှာတော့ ပစ်မှတ်အသစ်ကို မတွေ့သေးဘူး"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now