Chapter 64(Unicode&Zawgyi)

1K 108 0
                                    


ယခု ဝေ့လန်ပြောလိုက်သည့်အခါ ထိုကဲ့သို့ ဖြစ်နေကြောင်းကို ထုန်းယန်တစ်ယောက် မှတ်မိသွား၏။
ထုန်းယန်ရဲ့ခါးက အလွန်နာကျင်နေသည့်အတွက် သူဟာ စားပွဲပေါ်မှာ မှီရင်း ပျင်းရိပျင်းတွဲ
မေးလိုက်သည်။  "ဘယ်သူက မုမိသားစု မွေးနေ့ပါတီရဲ့ အဓိကဇာတ်လိုက်လဲ?"

"မုချင်းယီနဲ့ မုချင်းယောင်ပေါ့။ ဘယ်သူ ဖြစ်ရမှာလဲ?" ဝေ့လန်က ပြန်ဖြေလိုက်သည်။ "ရွှီရှင်းတောကရော?" ထုန်းယန်က ထပ်မေးလိုက်သည်။

ဝေ့လန်တစ်ယောက် ကြက်သေသေသွား၏။ ယခုအချိန်တွင် ထုန်းယန်က ရွှီရှင်းတော၏ကိုယ်ထဲတွင် ဖြစ်သည်။ရလဒ်အနေဖြင့် ဤမေးခွန်းက အတော်လေး ကိုးရိုးကားရားနိုင်သလို ခံစားရသည်။

အဲဒါက ဘာသာစကား အမူအကျင့်များလား?
ဝေ့လန်က ဖိတ်စာကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"မုချင်းယီနှင့် မုချင်းယောင်ပဲ မင်းမပါဘူး"

ဝေ့လန်က ထုန်းယန်နားကပ်ကာ မေးလာသည်။
မင်းရဲ့မွေးနေ့က ဘယ်နေ့လဲ?"

ထုန်းယန်က ဝေ့လန်ရဲ့ ခေါင်းကို တွန်းထုတ်လိုက်ပြီး
သူ့ရဲ့ ကိုယ်ထဲတွင် ရှိသော ရွှီရှင်းတောကို လှည့်ကြည့်လိုက်သည်။

ရွှီရှင်းတောက စာအုပ်ကို ငုံ့ကြည့်နေဆဲ ဖြစ်သော်ငြား သူမဟာ အနည်းငယ် မျက်မှောင်ကြုတ်ထား၏။

စင်စစ် ရွှီရှင်းတောရဲ့မွေးနေ့အမှန်က ထုန်းယန်နှင့် မုချင်းယီ၏မွေးနေ့နှင့် တစ်နေ့တည်း ဖြစ်သည်။

သို့သော်ငြား မုမိသားစု၏ မွေးနေ့ပွဲက ရွှီရှင်းတောအတွက် မဟုတ်ဘဲ အစ်ကို'ရင်း'နှင့် အစ်အတွက် ဖြစ်သည်။

အကယ်၍ ရွှီရှင်းတောသာ မွေးနေ့ပါတီရဲ့ ဇာတ်လိုက်ဆိုလျှင် မုချင်းယောင်၏ မှားယွင်းနေသည့် ဖြစ်တည်မှုက ဖော်ထုတ်ခံရလိမ့်မည်ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုချေ။

နောက်တစ်နေ့မှာ ရွှီရှင်းတောအတွက် မွေးနေ့ပါတီ နောက်တစ်ခု ကျင်းပပေးဖို့က မုမိသားစုအတွက် မဖြစ်နိုင်ပေ။

မုချင်းယီနှင့် မုချင်းယောင်တို့ဟာ သူတို့ရဲ့ မွေးနေ့မှာ စားသောက်ပွဲကြီး ကျင်းပလိမ့်မည်။ သို့သော်ငြား ရွှီရှင်းတောသည်ကား လုံးဝအရေးမပါသည့် လူတစ်ယောက်လို ဖြစ်နေလိမ့်မည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now