Chapter 122(Unicode&Zawgyi)

475 55 2
                                    


ကံကောင်းစွာဖြင့် ယင်ရှောက်ရှူက ရွှီရှင်းတောအား ထပ်ပြီးရန်စဖို့ မကြိုးပမ်းတော့ပေ။ဟက်စကီးတစ်ကောင်ကဲ့သို့ပင် သူဟာ သူမကို ရန်လိုမှုများဖြင့်သာ စိုက်ကြည့်နေပြီး အနည်းငယ်လည်း
ရူးကြောင်ကြောင်နိုင်လှ၏။

ယင်ရှောက်ရှူဟာ သူမကို စာမေးပွဲဖြေဆိုချိန်တစ်ဝက်နီးပါးလောက် စိုက်ကြည့်နေသည့်အတွက် သူ၏မျက်လုံးများက ညောင်းညာလာသလို စတင် ခံစားလိုက်ရသည်။
ထို့ကြောင့် သူဟာ တစ်ခဏမျှ အိပ်မောကျသွား၏။

ရွှီရှင်းတောတစ်ယောက် ဖြေဆိုလို့ပြီးသွားသည့်အခါ သူမဟာ အိုးလုံလက်ဖက်ရည်ကို သောက်ရင်း အဖြေလွှာ မအပ်ခင် သူမ၏ အဖြေများကို စစ်ဆေးလိုက်သည်။ ယင်ရှောက်ရှူနိုးလာသည့်အခါ ရွှီရှင်းတောက  ထွက်သွားပြီ ဖြစ်သည်။

ယင်ရှောက်ရှူသည် သူမကို သွားရှာဖို့ ထမရပ်ခင်
သူဟာ အကြောဆန့်လိုက်သည်။

ယင်ရှောက်ရှူသည် ရွှီရှင်းတောကို တွေ့သွားသည့်အချိန်တွင် သူမဟာ သူမ၏ သူငယ်ချင်းများနှင့်အတူ ကန်တင်းတွင် ထမင်းစားနေ၏။ ယင်ရှောက်ရှူသည် စားပွဲခုံပေါ်သို့ လက်ဖြင့် ခေါက်လိုက်ပြီး ထုန်းယန်ကို ပြောလိုက်သည်။ "မင်းဆီလာဖို့ ပြောထားတယ်မလား?"

ယင်ရှေုာက်ရှူသည် မသက်မသာ ဖြစ်လှသည့် ခံစားချက်ကို သည်းမခံနိုင်ပေ။ အကယ်၍ သူသာ သူရဲ့ ခံပြင်းမှုအတွက် ထွက်ပေါက်မရှာနိုင်လျှင်
သူဟာ သူဦးထုပ်သူပဲ မြိုချလိုက်တော့မည်။

(T/N: "သူ့ဦးထုပ်သူပဲ မြိုချလိုက်တော့မယ်" ဆိုတာက တကယ်လို့တစ်ခုခု အမှားလုပ်ထားရင်
ကတိပေးထားတဲ့အတိုင်း ကြိုတင်ခန့်မှန်းလို့ ရနိုင်တဲ့ ပြစ်ဒဏ်ပေးတာကို ပြောချင်တာပါတဲ့)

ထုန်းယန်က ထမရပ်ခင် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်"

ရွှီရှင်းတောသည် သူတို့ကို မော့ကြည့်လိုက်ပြီး
သူတို့နောက် လိုက်ချင်သော်ငြား ထုန်းယန်က သူမကို နေခဲ့ဖို့ ပြောလိုက်သည်။ "မင်းက နေ့လည်ကျရင် စာမေးဖြေရဦးမှာ။ နေခဲ့" ထို့နောက် သူဟာ ဝေ့လန်နှင့် စူးဝေကို သူနဲ့အတူ ခေါ်သွားပြီး သူတို့ဟာ ယင်ရှောက်ရှူနှင့်အတူ ထွက်သွားလိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now