Chapter 27(Unicode&Zawgyi)

1.2K 110 0
                                    


ထို့နောက် ပထမထပ်မှ တစ်စုံတစ်ယောက်သည် အမည်မဖော်လိုခြင်းကို ဖယ်ရှားရန် လက်ဦးမှုယူလိုက်ပြီး ပို့စ်တွင် သူ၏နာမည်ကို ထည့်လိုက်သည်။ ၎င်းမှာ ဝေ့လန်ဖြစ်နေ၏။

ပထမဆုံးမှတ်ချက်ရေးသူ(ဝေ့လန်):ငါက တန်းခွဲလေးက ရွှီရှင်းတောရဲ့အတန်းဖော် ဝေ့လန်ပါ။ ကျောင်းမှာတုန်းက ရွှီရှင်းတောက ငါ့ကိုအကူအညီတောင်းခဲ့တယ်။  သူပြောတာက ကျန်းလုံထောင်းက မုချင်းယောင်ရယ် သူ့ရဲ့သတို့သားလောင်းရယ်နှင့် ပေါင်းပြီး သူမကိုလိုက်ဖို့ အလောင်းအစားလုပ်ထားကြတာကို မြင်ရတာ စိတ်မကောင်းဖြစ်မိပြီး သူ့ကို သင်ခန်းစာပေးချင်တယ်တဲ့။  မမျှော်လင့်ထားဘဲ ငါတို့ရဲ့လက်တုံ့ပြန်မှုက အထင်လွဲစရာအချို့ ဖြစ်စေခဲ့တယ်။ အတန်းဖော်ရွှီက ကျန်းလုံထောင်းနှင့် ဘာမှမဆိုင်ကြောင်း ငါတရားဝင်ကြေညာပါတယ်။

ဒုတိယ မှတ်ချက်ရေးသူ: WTF! သူမရဲ့နာမည်ကို ဖျက်စီးနေတာလား?

တတိယမှတ်ချက်ရေးသူ: ကောင်မလေးတွေကို လိုက်ဖို့ အလောင်းအစားလုပ်တယ်? မုချင်းယောင်က သူမရဲ့ညီမလေးကို အလောင်းအစားလုပ်တယ်?! ငါ ဘယ်လိုလုပ်ပြီး ဝိုးတိုးဝါးတား အတင်းအဖျင်းအနံ့ရနေတာလဲ?

စတုတ္ထမြောက် မှတ်ချက်ရေးသူ: မုချင်းယောင်က အရမ်းအဆိပ်မပြင်းလွန်းဘူးလား?

၅ယောက်မြောက် မှတ်ချက်ရေးသူ:ဟားဟားဟား ဘယ်လိုတောင် ကောင်းလိုက်တဲ့ သတို့သားလောင်းလဲ။ အဲဒါက မင်းရဲ့အတန်းဖော်တွေကို မျက်နှာသာပေးဖို့ မဟုတ်ဘူးလား?

၆ယောက်မြောက် မှတ်ချက်ရေးသူ: ငါအမြဲတမ်းတွေးခဲ့သလိုပဲ အဲဒီအဆောက်အဦးက လူတွေက တကယ် အပုပ်နံ့လှိုင်လှိုင်ထနေတာပဲ။ သူမက ကောက်ကျစ်ယုတ်မာတဲ့တစ်စုံတစ်ရာကို ပြုလုပ်မိခဲ့သလိုမျိုး လူတစ်စုက မိန်းမပျိုလေးရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အတင်းအဖျင်းစကားတွေကို ပြောနေကြတယ်။ ငါနားကိုမလည်ဘူး။ တကယ်လို့ ရွှီရှင်းတောက တကယ် ကောင်လေးထားခဲ့ရင်တောင် အဲဒါက နင်တို့အားလုံးနဲ့ ဘာဆိုင်လို့တုန်း?

၇ယောက်မြောက် မှတ်ချက်ရေးသူ: ဖိုရမ်ရဲ့ အမည်မဖော်လိုတာကို ပယ်ဖျက်ပြီး ရွှီရှင်းတောအကြောင်း ဘယ်သူ ပို့စ်တင်လဲဆိုတာ ကြည့်ကြရအောင်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now