Chapter1(Unicode&Zawgyi)

3.6K 234 1
                                    


ရွှီရှင်းတောသည် စားသောက်ခန်းမတွင်ထိုင်ကာ ညစာကိုတည်ငြိမ်စွာစားနေသည်။

မုမိသားစု၏ စားသောက်ခန်းမသည် တသီးတသန့်ဥယျာဉ်ငယ်လေး တစ်ခုနှင့်ပင်ဆင်တူသည်။ ၎င်း၏အရှေ့တွင် ဥယျာဉ်ငယ်လေးကို စီးမိုးမြင်နေရသည့် ကြမ်းပြင်မှ မျက်နှာကျက်အထိ အမိုးခုံးပြတင်းပေါက်တစ်ခုရှိလေသည်။ စားသောက်ခန်းမထဲတွင်တော့ ပန်းအိုးဖြင့်စိုက်ထားသောအပင်လေးများနှင့် ဝိုင်ပုလင်းအမျိုးအစားများစွာစီထားသော ကြီးမားသည့်ဝိုင်စင်တစ်ခုရှိသည်။

ထိုအချိန်တွင် ညဉ့်နက်နေပြီဖြစ်ကာ သလင်းကျောက်မီးဆိုင်းမှ ထွက်ပေါ်လာသော အလင်းရောင်သည် ညရှိပိုးစုန်းကြူးများပမာ ကြမ်းပြင်မှ မျက်နှာကျက်ထိ ပြတင်းပေါက်တွင် ရောင်ပြန်ဟပ်နေလေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သူမတွေ့ခဲ့ရသော "မိဘ"ဆိုသူများသည် ရွှီရှင်းတောနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ တစ်စုံတစ်ခုအကြောင်းပြောခဲ့ကြသည်။ သူမ၏နံဘေးတွင်တော့ သူမအစားမုမိသားစုတွင် ၁၆နှစ်ကြာနေခဲ့သည့် မုချင်းယောင်ထိုင်လေသည်။
လေထုသည် ထူးဆန်းကာ အို့တို့အမ်းတမ်းနှင့်ဖြစ်၏။

ထိုအချိန်တွင် မုဖူပြောလိုက်သည်။ "ရှင်းတော အဖေတို့မင်းရဲ့ ပြောင်းရွှေ့ဖို့ကိုစီစဉ်တော့မယ်။ ယောင်ယောင်၊ရှောင်ယီ တို့တက်တဲ့ ကျောင်းကို သမီးပြောင်းရွှေ့နိုင်ဖို့ အဖေတို့မျှော်လင့်ပါတယ်"

ရွှီရှင်းတောသည် မည်သည့်စကားမျှမဆိုဘဲ တည့်တည့်မတ်မတ်ပင်ဆက်လက်ထိုင်ကာ သူမ၏အရှေ့တွင် နေရာချထားသောအစားအစာများကို စားနေခဲ့သည်။

သူမ၏ လှုပ်ရှားမှုများသည် မနှေးသလို မြန်လဲမမြန်ပေ။ သူမစားသောက်သည့်အခါ သူမ၏လှုပ်ရှားမှုဟန်ပန်များတွင် အနည်းငယ်ပျင်းရိမှုများ ပါနေသယောင်။ သူမတွင် သူမ၏ပုံပန်းသဏ္ဍာန်နှင့် အလွန်လိုက်ဖက်ညီသည့် မချိုးဖောက်နိုင်သော မြင့်မြတ်သည့် စိတ်နေသဘောထားရှိလေသည်။

ရွှီရှင်းတောသည် သံသယဖြစ်စရာမလိုအောင် လှပသည့်သူပင်။ သို့သော် သူမ၏ စိတ်နေသဘောထားနှင့် မျက်နှာသွင်ပြင်တို့ပေါင်းစပ်လိုက်သည့်အခါ လူအများအား "လောကကြီးကို ငြီးငွေ့နေသည့် "ခံစားချက်မျိုး ပေးစွမ်းလိမ့်မည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now