Chapter 41(Unicode&Zawgyi)

1.1K 91 0
                                    



ထို့နောက်တွင်တော့ ရွှီရှင်းတောတစ်ယောက် နောက်ထပ်နည်းနည်းမျှ စကိတ်ဘုတ်စီးလိုက်ပြီး လူထူထပ်မှုနည်းပါးသည့် နေရာတွင် alpha တစ်ပတ်ကျွမ်းထိုးလိုက်သည်။

"ရှင်တို့ ဘာကိုကြည့်နေကြတာလဲ အစ်ကိုလေးတို့?ဒီကိုကြည့်!" လော့ရွှီက ကောင်လေးတွေအား ပြောလိုက်သည်။

ရွှီရှင်းတောက မရပ်ပေ။ သူမဟာ စကိတ်ဘုတ်ပေါ်နင်းလိုက်ပြီး လက်ရန်းပေါ် ခုန်လိုက်သည်။

ရွှီရှင်းတောက စကိတ်ဘုတ်ကို အသုံးပြုတတ်ရုံသာမက အလွန်ကျွမ်းကျင်ကြောင်းကိုလည်း လော့ရွှီတစ်ယောက် သိရှိသွား၏။

ဤအချိန်တွင် ကျန်းလုံထောင်းနှင့် သူ၏လူစုတို့ ပေါ်လာ၏။

ကျန်းလုံထောင်းသည် မိန်းကလေးတစ်ယောက်ကို မရိုက်ချင်သော်လည်း သူဟာ ဒေါသခြောင်းခြောင်းထွက်ကာ မိန်းကလေးအချို့ ခေါ်ဖို့ သူ့ကိုယ်သူ မရပ်တန့်နိုင်ပေ။ အားကစားကျောင်းမှ ဤမိန်းကလေးများက ရွှီရှင်းတောကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်သည်ထက်ပိုလေသည်။

သူတို့ရောက်လျှင်ရောက်ချင်း ရွှီရှင်းတောက သူတို့ရှေ့တွင် ရွှီးခနဲ ဖြတ်သွားသည်ကိုေတွ့လိုက်ရသည်။ တစ်ခဏမျှကြာပြီးနောက် သူမက သူတို့ရှေ့တွင် တစ်ဖန်ထပ်မံ၍ ဖြတ်သွားသည်ကို မြင်လိုက်ရသည်။

ကျန်းလုံထောင်းက ရိုးရိုးရှင်းရှင်းပင် ရွှီရှင်းတောကို ခေါ်လိုက်သည်။ "ဟဲလို ရွှီရှင်းတော"

အသံကအတော်လေးကျယ်ကာ လော့ရွှီ၏ အာရုံကို ဆွဲဆောင်သွား၏။ သူမဟာ ကျန်းလုံထောင်းနောက်က မိန်းကလေးတစ်စုကို သတိထားမိသွားပြီး ချက်ချင်းလျှောက်လာ၏။ "ကျန်းလုံထောင်း နင်ဘာလုပ်နေတာလဲ?!"

"ဘာမှမလုပ်ပါဘူး"

"တကယ်လို့ နင်ပြဿနာထပ်ရှာဖို့ လာတာဆိုရင်လည်း တခြားလူတွေနင့်ကို ရယ်မှာ မကြောက်ဘူးလား?!"

"နင်က နင့်ကိုယ်နင် အရှက်ရစေပြီးပြီ။ နင်ဝေးဝေးသွားတာ ပိုကောင်းတယ်"

ဤအချိန်တွင် ရွှီရှင်းတောတစ်ယောက် စကိတ်ဘုတ်စီးလာပြီး ကျန်းလုံထောင်းရှေ့တွင် ရပ်လိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now