Chapter 28(Unicode&Zawgyi)

1.2K 113 0
                                    


38ယောက်မြောက် မှတ်ချက်ပေးသူ(ခန်းရွှီကျောင်း): ငါကအပြည်ပြည်ဆိုင်ရာတန်းခွဲ 4ရဲ့ ခန်းရွှီကျောင်းပဲ။ ငါ ရွှီရှင်းတောနဲ့တစ်ခါလေးတောင် စကားမပြောဖူးလို့ ငါ့ကိုသူမရဲ့ သူငယ်ချင်းလို့သတ်မှတ်လို့မရဘူး။ ငါ သူမကိုလေ့လာပြီးတော့ ငါ အားလုံးကို သိလာခဲ့တယ်။ သူကအမြဲတမ်း အေးစက်စက်နေခဲ့တာပဲ။ သူမကဝေ့လန်ကိုေတာင် ဂရုစိုက်တာမဟုတ်ဘူး။ ကျန်းလုံထောင်းကို တစ်ယောက်ထဲလွှတ်ထားလိုက်စမ်းပါ။ သူကဆန်ကုန်မြေလေးတစ်ယောက်သာသာပဲ။ ငါက တစ်စုံတစ်ယောက်ကို အလိုလိုက်အကြိုက်မဆောင်သလို တခြားလူတွေနဲ့ဆန့်ကျင်ပြီးတော့လည်း ခွဲခြားပြီးမဆက်ဆံတတ်ဘူး။ ဝေ့လန်က ကျန်းလုံထောင်းထက်ပိုချောတယ်။ ကျန်းလုံထောင်းအနေနဲ့ကတော့ သူကငါတို့နဲ့အတူ စီးပွားရေးအတန်းကိုယူပြီး ရွှီရှင်းတောရဲ့ဘေးမှာ ထိုင်တယ်လေ။ နောက်ဆုံးတော့ ရွှီရှင်းတောကန်တာခံလိုက်ရပြီး အဆုံးသတ်သွားတာပဲ။
...

61ယောက်မြောက်​ မှတ်ချက်ပေးသူ:မုချင်းေယာင်က တကယ်ကိုခွေးမတစ်ယောက်ပဲဆိုတာ ငါပြောရမယ်။ ပြီးတော့ ရွှီရှင်းတောက တကယ် EQနိမ့်ပြီး ဆက်ဆံရေးမကောင်းဘူး။ တကယ်လို့ ရွှီရှင်းတောသာ နည်းနည်းလေးပိုပြီး ကောင်းကောင်းမွန်မွန်ပြုမူမယ်ဆို သူမ ဒီလိုမျိုး မုချင်းယောင်ဆီကနေဆက်ဆံခံရမှာမဟုတ်ဘူး။

62ယောက်မြောက်မှတ်ချက်ပေးသူ : ခံရသူကိုအပြစ်တင်တဲ့ သီအိုရီ စံပုံစံ လိုပဲ

63ယောက်မြောက်မှတ်ချက်ပေးသူ: တစ်ကျောင်းလုံးက မုမိသားစုရဲ့ ဒရမ်မာကို ကြည့်နေကြတာပဲ
...

ထိုအချိန်တွင် မုချင်းယောင်တစ်ယောက်ကတော့ အလွန်အမင်းတုန်လှုပ်နေ၏။ သူမဟာ အကူအညီသာတောင်းနိုင်တော့သည်။

သူမဟာ အရင်ဆုံးရှန်းကျုဟန်ဆီကို ဘာကြောင့်များအလောင်းအစားက ပေါက်ကြားသွားတာလဲဆိုတာကို မေးမြန်းသည့် မက်ဆေ့ချ်ကိုပို့နေ၏။ အချက်အလက်ကျကျပြောကြမယ်ဆိုရင် အကယ်၍တစ်စုံတစ်ယောက်သာ ထိုအကြောင်းကိုသေသေချာချာတွေးတောကြည့်လျှင် သူကချက်ချင်းပင် အဖြေကိုသိသွားလိမ့်မည်။ ၎င်းမှာ လော့ရွှီသို့မဟုတ် ရှောက်ချင်းဟယ်ပဲဖြစ်ရမည်။ လုရန်ကျားဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၎င်းကတော်တော်လေးကိုမဖြစ်နိုင်တာပင်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now