Chapter 82(Unicode&Zawgyi)

1K 108 2
                                    


ရွှီရှင်းတောဟာ ပစ္စည်းအများအပြားကို ကိုင်ရင်း မုမိသားစုအိမ်ဆီသို့ လျှောက်သွား၏။မုမိသားစုရဲ့ ဧည့်ခန်းထဲတွင် မီးဖွင့်ထားဆဲ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ သူမ တံခါးကို ဖွင့်လိုက်သည့်အခါ မုချင်းယီတစ်ယောက် ဧည့်ခန်းထဲတွင် ထိုင်လျက် စာဖတ်နေသည်ကို တွေ့လိုက်ရသည်။

ဧည့်ခန်းထဲတွင်မည်သူမျှ မရှိချေ။ မုချင်းယီက သူ့ကိုယ်သူ နိုးနိုးကြားကြားဖြစ်အောင် လုပ်နေရသည့်ပုံပင်။

ရွှီရှင်းတော ဝင်လာသည်ကို မုချင်းယီ မြင်သည့်အခါ သူဟာ မတ်တပ်ရပ်ပြီး သူမဆီ လျှောက်လာ၏။ သူသည် ရွှီရှင်းတောရှေ့တွင်ရပ်ကာ: "မင်းအရမ်းနောက်ကျမှ အိမ်ပြန်မလာတာ ပိုကောင်းမယ်"

"ငါ နောက်ခါကျရင် ပိုပြီး ဂရုစိုက်လိုက်ပါ့မယ်" ထိုသို့ပြောပြီးနောက် ရွှီရှင်းတောဟာ မုချင်းယီကို ဓာတ်ဘူး လှမ်းပေးလိုက်သည်။ "ဒါ ငါကိုယ်တိုင်ချက်ထားတဲ့ ကြက်စွပ်ပြုတ်။ နင် နည်းနည်းလောက် သောက်ချင်လား?"

မုချင်းယီဟာ လက်လှမ်းပြီး ယူလိုက်သည်။ ဓာတ်ဘူးကို တစ်ချက်ကြည့်ပြီး သူဟာ အံ့အားတကြီး မေးလိုက်သည်။ "မင်း ညကြီး အပြင်ထွက်သွားတာ.... ဒါ ချက်ဖို့လား?!"

"တစ်စုံတစ်ယောက်က ငါ့မွေးနေ့အတွက် ကြက်ဖတစ်ကောင်ပေးလို့ ငါသတ်ပြီး စွပ်ပြုတ် လုပ်လိုက်တာ"

"မင်းက ကြက်ကိုတောင် သတ်လိုက်သေးတယ်?!
ဒါ တကယ်ပဲ မိန်းကလေးတွေ လုပ်သင့်တဲ့အရာလား?"

ရွှီရှင်းတောဟာ မုချင်းယီကို ထူးဆန်းသလို ကြည့်လိုက်သည်။ "ငါ ကြက်တစ်ကောင် သတ်လိုက်တာကို နင်က ဘာလို့ အရမ်းစိတ်ဆိုးနေရတာလဲ? နင်က လျှို့ဝှက် ကြက်တစ်ကောင်လား"

"...." မုချင်းယီတစ်ယောက် ထိုစကားကို ကြားသည့်အခါ အသက်ရှူကျပ်သွားလုနီးပါးပင်။

ရွှီရှင်းတောဟာ ဆက်မနေတော့ဘဲ သူမရဲ့အခန်းကို ပြန်ဖို့ အပေါ်ထပ်ကို တက်တော့မည့်အချိန်မှာ မုချင်းယီက သူမကို တားလိုက်သည်။
"ဒီမှာ ဒါကို ယူ"

ရွှီရှင်းတောတစ်ယောက် နောက်ပြန် လှည့်ကြည့်လိုက်သည့်အခါ မုချင်းယီဟာ သူ့ရဲ့ခေါင်းကို မမော့ဘဲဘူးသေးသေးလေးတစ်ဘူးကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူမဟာ ထိုဘူးလေးကို ယူလိုက်ပြီး မေးလိုက်သည်။ "မွေးနေ့လက်ဆောင်လား?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now