Chapter 92(Unicode&Zawgyi)

740 90 1
                                    


"မင်းရဲ့လက်​ရေးက တကယ်လှတာပဲ"
မုချင်းယီ၏ ပင်ကိုစရိုက်က အလွန်ထူးဆန်းလှသည့်အတွက် သူဟာ တခြားသူများက်ို ချီးကျူးခဲလေသည်။

ရှောက်ချင်းဟယ်က လက်ရေးလှရေးခြင်းနှင့် လက်ဖက်ရည်အခမ်းအနားကဲ့သို့သော အရာများကို ပိုမိုနှစ်သက်လေသည်။ သူဟာ ယပ်တောင်ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးလေးနှင့် ပြောလိုက်သည်။ "မင်းက ဘာရေးမလဲဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်ရွေးချယ်ထားတာပဲ။ ပြီးတော့ မင်းရဲ့လက်ရေးကလည်း အရမ်းလှတယ်။ အဲဒါက ပါးလွှာတဲ့ရွှေရောင်ကိုယ်ထည်နဲ့ ရေးထားတာပဲ။ ငါတို့ ထပ်ပြီး လက်ဖက်ရည် အခမ်းအနားကျင်းပနိုင်ရင် ကောင်းမှာပဲ။လက်ဖက်ရည်အခမ်းအနားအတန်းတွေကို မင်းမကြာမကြာ လာသင့်တယ်"

မုချင်းယီက ရှောက်ချင်းဟယ်ကို ကြည့်လိုက်သည်။
အတင်းတုပ်ရတာကြိုက်သည့်ဒီသူငယ်ချင်းက လတ်တလော သူရဲ့ညီမအား စူးစမ်းရသည်ကို အလွန်သဘောတွေ့နေ၏။ ဤသည်က ကောင်းမွန်သည့်ကိစ္စမဟုတ်ပေ။

ရှောက်ချင်းဟယ်ထံမှ ပစ်မှတ်ထားခံရခြင်းက မည်သည့်အခါမှ ကိစ္စကောင်းမဟုတ်ပေ။

မုချင်းယောင်သည် ရွှီရှင်းတောနှင့် ဒီလူနှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်အချိန်တုန်းက ဒီလောက်ကောင်းမွန်သွားလဲဆိုတာ မသိသော်ငြား သူမဟာ မသက်မသာမခံစားရဘဲမနေနိုင်တော့ချေ။

ရွှီရှင်းတောဟာ သူမရဲ့မွေးနေ့မှာ သူမကို မျက်နှာသာမပေးသည့်အတွက် သူမက အဆူမခံသင့်ဘူးလား?ထိုနောက်တွင်တော့ မုချင်းယီဟာ လက်ဆောင်များကို ထုပ်ပိုးလိုက်ပြီး ပစ္စည်းသိမ်းဆည်းရာနေရာကို ပို့လိုက်သည်။

မုချင်းယီထွက်သွားသည်နှင့် တစ်စုံတစ်ယောက်က ရွှီရှင်းတောရဲ့နာရီကို သတိထားမိသွားပြီး ရုတ်တရက်ပင့်သက်ရှိုက်၍ ပြောလိုက်သည်။ "ရွှီရှင်းတောရဲ့နာရီက လုရန်ကျားရဲ့နာရီနဲ့ တစ်ပုံစံတည်းပဲ!"

လုရန်ကျားက သူမနှင့် နာရီတစ်ပုံစံတည်းဝတ်ထားကြောင်းကို ရွှီရှင်းတောသည်လည်း သတိပြုမိသွား၏။

ထိုသူက ဆက်ပြောလေသည်။ " ဒီနာရီက အရေအတွက်အကန့်အသတ်နဲ့ ထုတ်တဲ့ နာရီပဲ။ ကမ္ဘာပေါ်မှာ ကိုးလုံးထဲရှိတာ။ တစ်နေရာထဲမှာ နှစ်လုံးတွေ့နိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now