Chapter 86(Unicode&Zawgyi)

1.3K 93 0
                                    


ရွှီရှင်းတောဟာ မငြင်းပေ။ သူမဟာ သူမရဲ့လက်ကို မြှောက်ပြီး ရှောက်ချင်းဟယ်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူမဟာ သူ့ကို ကမ်းပေးလိုက်ပြီး မေးလိုက်သည်။ "ငါငှဲ့ပေးတာ တည်ငြိမ်ရဲ့လား? လက်ဖက်ရည်ရော ဖိတ်သွားလား?"

ရှောက်ချင်းဟယ်ဟာ သူ့ရဲ့ခေါင်းကို မမော့ခင် သူ့ရှေ့က လက်ဖက်ရည်ခွက်ကို အချိန်အကြာကြီး ကြည့်ပြီး သူမကို မေးလိုက်သည်။ "မင်း ခွက်ထဲကို လုံးဝ အပြည့် ထည့်လိုက်တာလား?"

"မထည့်ရဘူးလား? အပြည့်မထည့်ရင် ခွက်ကသေးလွန်းလို့ နင် အလုတ်နည်းနည်းလေးတောင် သောက်လို့ ရမှာမဟုတ်ဘူး"

"ခွက်တစ်ခွက်ကို လက်ဖက်ရည်အပြည့်ဖြည့်တာက လှည့်စားမှု ပရိယာယ်ဖြစ်ပြီးတော့ ဝိုင်ကို ခွက်အပြည့်ငှဲ့ပေးတာက ချီးမြှင့်မြှောက်စားတာဆိုတဲ့ စကားပုံကို မင်းကြားဖူးလား?"

ရွှီရှင်းတောဟာ စင်စစ် လက်ဖက်ရည်အနုပညာကို နားမလည်ပေ။ သူမဟာ ရွာမှာနေတုန်းက လက်ဖက်ရည်သိပ်မသောက်ပေ။ အဖွားရွှီက သူမအတွက် သောက်ဖို့ သကြားညိုနှင့် တရုတ်ဆီးသီးများကို အမြဲတမ်း ကြိုပေးသည်။

သူမ ထုန်းယန်ရဲ့ ခန္တာကိုယ်ထဲ ဝင်သည့်အခါ သူ့ရဲ့မိသားစုက ကော်ဖီကို ပိုနှစ်သက်သည့်အတွက် သူတို့ဟာ လက်ဖက်ရည်ကို သိပ်အာရုံမထားကြပေ။ ထုန်းယန်ကလည်း လက်ဖက်ရည်သောက်သူ မဟုတ်သည့်အတွက် သူဟာ လက်ဖက်ရည်အကြောင်း လုံးဝ မလေ့လာချေ။

ရွှီရှင်းတောဟာ သက်ပြင်းသာ ချနိုင်တော့သည်။ "အဲဒါက တကယ်ကြီး မတူလို့လား?"

ရွှီရှင်းတောဟာ လက်ဖက်ရည်ခွက်ကို ကြည့်ပြီး သက်ပြင်းချနေရင်း ရှောက်ချင်းဟယ်တစ်ယောက် တံခါးကနေ လှည့်ထွက်သွားသည့် ထုန်းယန်ရဲ့နောက်ကျောကို သတိထားမိသွားသော်လည်း ရွှီရှင်းတောကို အဲဒီအကြောင်း အသိမပေးချေ။ သူဟာ ဆက်လက်ပြုံးရယ်ကာ ပြောလိုက်သည်။ "ပြဿနာမရှိပါဘူး။ ငါမင်းကို သင်ပေးနိုင်ပါတယ်"

"မေ့လိုက်တော့ ငါက ငါကျွမ်းကျင်တဲ့အရာကနေ စရမယ်။ ငါ နောက်မှ ဒီအရန်ဘာသာရပ်တွေကို ကိုင်တွယ်လိုက်မယ်"
"မင်းက ဘာတွေကို ကျွမ်းကျင်တာလဲ?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now