Chapter 30(Unicode&Zawgyi)

1.2K 121 1
                                    


242 ယောက်မြောက် မှတ်ချက်ရေးသူ(ရှန်းကျုဟန်):ငါကရှန်းကျုဟန်ပါ။ငါ ဒီကနေအားလုံးကိုတောင်းပန်ချင်ပါတယ်။ဒါကငါ့ကြောင့်ဖြစ်ရတာပါ။မုမိသားစုအ​နေနဲ့ မွေးစားသမီးကိုရုတ်တရက်လက်ခံလိုက်ရတာက ငါ့ရဲ့ကောင်မလေးကို နစ်နာစေခဲ့တယ်။ငါ အရမ်းဒေါသထွက်သွားကြောင့် ဒီအလောင်းအစားကိုလုပ်ခဲ့တာပါ။ဒါက အတော်လေး စိတ်လိုက်မာန်ပါဖြစ်သွားတယ်။ကံကောင်းတာက အဲဒီအလောင်းအစားက အခုထက်ထိ ဆိုးကျိုးမရှိသေးပါဘူး။ဒီအကြောင်းက ငါ့ကောင်မလေးနဲ့ဘာမှမဆိုင်ပါဘူး။သူမက ငါ့ကိုအကြံပေးခဲ့ပါသေးတယ်။ငါကနားမထောင်ခဲ့တာပါ။

243 ယောက်မြောက်မှတ်ချက်ရေးသူ (မုချင်းယောင်):ဆိုးရွားတဲ့သက်​ရောက်မှုကိုဖြစ်စေခဲ့တဲ့​ ငါ့ရဲ့ကောင်လေးနဲ့ အတန်းဖော် ကျန်းတို့ရဲ့ ကလေးဆန်တဲ့ အလောင်းအစား အပြုအမူကို ရပ်တန့်ဖို့မအောင်မြင်ခဲ့တဲ့အတွက် ငါ တောင်းပန်ပါတယ်။ငါ ရွှီရှင်းတောကိုဒီကနေ တောင်းပန်ပါတယ်။ ပြီးတော့ ငါ့ညီမရဲ့ခံစားချက်တွေကို နာကျင်စေမယ့်အရာတွေကို ငါလုပ်မှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်။

246ယောက်မြောက် မှတ်ချက်ရေးသူ:
ဝိုးးး မတော်တဆမှုမှာပါဝင်ခဲ့တဲ့ သူက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။

247 ယောက်မြောက်မှတ်ချက်ရေးသူ:
ရှန်းကျုဟန် ကတောင်းပန်ပေမယ့်သူတောင်းပန်တဲ့ပုံစံက တကယ် စိတ်ဝင်စားစရာပဲ။သူ့ရဲ့စကားလုံးတွေထဲမှာ ရွှီရှင်းတောကို လုံးဝ မဖော်ပြသွားခဲ့ဘူးလေ။သူကငါတို့ကိုပဲတောင်းပန်သွားတာ။ရှန်းကျုဟန်က ရွှီရှင်းတောကို လူတစ်ယောက်အနေနဲ့ လုံးဝ မသတ်မှတ်ထားဘူးလို့ ငါအမြဲခံစားရတယ်။ပြီးတော့ "မွေးစားသမီး" ဆိုတဲ့စကားလုံးကလည်း လုံးဝမျက်စိကျိန်းစရာကောင်းတယ်။

248ယောက်မြောက် မှတ်ချက်ရေးသူ:
မုချင်းယောင်က ဘယ်နေရာမှာမှမကောင်းဘူးလို့ဘယ်သူက ပြောတာလဲ? သူမက သူမရဲ့ တာဝန်ကနေ လှလှပပရှောင်ရှားပြီး အကုန်လုံးသူမရဲ့ကောင်လေးပေါ် ဘယ်လိုပုံချလိုက်လဲဆိုတာ ကြည့်စမ်း။ကောင်လေးရဲ့တာဝန်က သူ့ရဲ့ကောင်မလေးကိုကာကွယ်ပြီး သူ့ကောင်မလေးအတွက်ဒေါသထွက်ပေးဖို့ပဲလေ။ငါတော့တကယ်ထိသွားပြီ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now