Chapter 40(Unicode&Zawgyi)

1.2K 108 0
                                    


မုချင်းယောင်က ငတုံးမဟုတ်ပေ။

မုချင်းယီတစ်ယောက် မိသားစုက ချမှတ်လိုက်တဲ့ ရွှီရှင်းတော၏ အဆင့်အတန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းနေကြောင်းကို သူမမြင်ရလေသည်။ ထပ်မံ၍ မုချင်းယီက ယခင်က ဖြစ်ရပ်များကြောင့် သူမက ရွှီရှင်းတောအား မနှစ်သက်ကြောင်းကို သိလေသည်။

ယခင်က ဖြစ်ရပ်က ရှန်းကျုဟန်နှင့် ကျန်းလုံထောင်းကြောင့် ဖြစ်သွားသည့်ပုံပေါက်သော်လည်း ရှန်းကျုဟန်၏ ကျန်းလုံထောင်းနှင့်အလောင်းအစားကလည်း သူမအပေါ် မုချင်းယီ၏အမြင်ကို သက်ရောက်မှုရ်ှိလေသည်။

ထို့ကြောင့် ဤအကြိမ်တွင် သူမက မုချင်းယီထံတွင် ပိုမိုကောင်းမွန်သည့် အမြင်ချန်ရစ်ချင်ကာ
သူမက သူမ၏ညီမအပေါ်ဂရုစိုက်ကြောင်း သူ့ကိုသိစေချင်သည်။ သူမက ဖုန်းခေါ်ဖို့အချိန်ဆွဲခဲ့သည်။ ထိုအချိန်တွင် ရွှီရှင်းတောက ကျန်းလုံထောင်းခေါ်လာခဲ့သည် လူများအပေါ် စိတ်ကုန်နေနှင့်ပြီးဖြစ်သည်။

ဖုန်းချလိုက်ပြီးနောက် မုချင်းယောင်သည် မရယ်မောဘဲ မနေနိုင်တော့ချေ။ ထို့နောက် ကောင်းမွန်သည့် စိတ်အခြေအနေဖြင့် ဟော်တယ်သို့ ပြန်သွားလိုက်သည်။

လုရန်ကျားက အလျင်လိုနေသည့်ပုံပင်။ သူမဟာ မုချင်းယောင်အား စိတ်လှုပ်ရှားစွာ ဆွဲပြီး ပြောလိုက်သည်။ "ရှိုးကောင်းကောင်းတစ်ခုကြည့်ဖို့ ငါနင့်ကို တစ်နေရာခေါ်သွားမယ်" "ဘယ်နေရာလဲ?" "အဲဒါက စပရိုက်ပဲ"

မုချင်းယောင်က ထပ်မမေးတော့ချေ။ လုရန်ကျားကသနားစရာကောင်းသည့် မြင်ကွင်းသို့ ကူးပြောင်းသွားသည့် ရွှီရှင်းတောကို မြင်ရန် စိတ်စောလျက်ရှိကြောင်းကို သူမသိလေသည်။

♠♠♠

ရွှီရှင်းတောနှင့်လော့ရွှီက လော့ရွှီ၏အိမ်သို့ အရင်သွားလိုက်သည်။ သူတို့ဟာ သူတို့၏အိတ်များကို ချပြီးနောက် စကိတ်ဘုတ်နှစ်ခုကို ရွေးလိုက်သည်။

လော့ရွှီ၏အိမ်က ရွှီရှင်းတော၏အိမ်နှင့် အတော်လေးနီးသော်လည်း လော့ရွှီက သိသိသာသာပင် သူမအိမ်၏ မင်းသမီးလေးဖြစ်သည်။ သူမ၏အခန်းကကြီးမားကာ စကိတ်ဘုတ်လို အရာများကိုတောင် သီးခြားအခန်းငယ်ထဲတွင် သိမ်းထား၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now