Chapter 87(Unicode&Zawgyi)

2.5K 156 5
                                    


အတန်းချိန်အတွင်း ရှောက်ချင်းဟယ်က တစ်ချ်ိန်လုံး ပြုံးနေပြီး တစ်ခါတစ်ရံ သူမကို နည်းပေးလမ်းပြ၏။ သူ၏လက်ဖက်ရည်အပေါ် ကျွမ်းကျင်မှုက ဆရာမရဲ့ကျွမ်းကျင်မှုထက်တော့ မလျော့နည်းသည့်ပုံပင်။

လော့ရွှီပြောသည့်စကားက စင်စစ် မှန်ကန်၏။ ရှောက်ချင်းဟယ်က လူကြီးလူကောင်းတစ်ယောက်၏ ခံစားချက်ကို ပေးစွမ်းလိမ့်မည်။ သူဟာ လူတိုင်းကို ပြုံးပြနေသည့်အချိန် အလွန် နူးညံ့သည့်ပုံပေါက်၏။
ဘယ်သူကမှ သူနဲ့ပတ်သက်သည့် အမှားတစ်စုံတစ်ရာကို မရှာဖွေနိုင်လုနီးပါးပင်။

လက်ဖက်ရည်ပြုလုပ်သည့်အတန်း ပြီးဆုံးသွားပြီးနောက် ရွှီရှင်းတောဟာ နောက်ထပ် ရွေးချယ်ပိုင်ခွင့်အတန်းကို သွားလိုက်သည်။ သူမ အတန်းထဲသို့ ဝင်သွားသည့်အခါ  ထုန်းယန်ဟာ ဝေ့လန်၊ စူးဝေ့တို့နှင့်အတူ ရှိနေသည်ကို တွေ့လိုက်ရသည်။

Jujutsu အတန်းကမိန်းကလေးများနှင့် ပြည့်နေသည်ကို မြင်ရသည်မှာ အံ့ဩစရာကောင်းလှသည်။ သေချာပေါက် သူတို့ထဲက အများစုက ထုန်းယန်နှင့် ဝေ့လန်ကြောင့် ဒီကိုရောက်လာခြင်းပင်။
(Jujutsu ကအရင်အပိုင်းမှာ ပုံနဲ့ပြထားတဲ့ဟာပါပဲနော်)

သူမက ဒီကို လုပ်ဆောင်မှုရမှတ်အတွက် လာခြင်းဖြစ်သည်။  သူမဟာ သူမထူးချွန်သည့် activities များကို အရင်ဆုံး လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့မှသာ သူမဟာ သူမရဲ့ရမှတ်ကို တိုးစေနိုင်မည်ဖြစ်သည်။

သို့သော်ငြား ဒီအတန်းက သူမအဖို့ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် ဆရာက သူမမှာ ပြဿနာတွေရှိမှာ စိုးရိမ်သည့်အတွက် သူမကို ပထမအတန်းချိန်တစ်လျှောက်လုံး ဆရာရဲ့ ဘေးမှာ အခြေခံပဲ လေ့ကျင့်ပြီး တခြားသူများ လေ့ကျင့်တာကို ကြည့်ဖို့ ပြောလေသည်။

ရွှီရှင်းတောဟာ ဘာမှမပြောဘဲ ဆရာပြောသည့်အတိုင်း လုပ်လေသည်။ သူမ ထုန်းယန်ကို တစ်ခါတစ်လေ ကြည့်မိသွားသည့်အခါ ထုန်းယန်တစ်ယောက် ဒေါသထွက်နေသည့်ပုံပေါက်နေသည်ကို သတိပြုမိသွား၏။

နင်က တကယ်ကြီး ငါ့ရဲ့လက်ဆောင်ကို အဲဒီလောက်တောင် မုန်းတာလား? နင်က ဘာလို့ ဒီလိုမျိုး ပြုမူနေရတာလဲ?
သူမဟာ ထုန်းယန်ကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now