Chapter5(Unicode&zawgyi)

2K 176 1
                                    


ပျက်ရယ်ပြုခြင်း (၁)

"ရွှီရှင်းတော" ၏အော်ရာသည် လျှပ်တပြက်အတွင်း ပြောင်းလဲသွားသည့်ပုံပေါ်သည်။ လွန်ခဲ့သည့်ကာလတွင်  စိတ်မဝင်စားသည့်ပုံပေါ်ကာ မာနကြီးပြီး အရာအားလုံးအတွက် စက်ဆုပ်မှုနှင့် ပြည့်နှက်နေ၏။

သို့သော် ယခုအချိန်တွင် ကြမ်းကြုတ်ကာ မာနကြီးသည်။ သူမ၏မျက်လုံးထဲတွင် ကန်လန့်တိုက်ခြင်းနှင့် ပြက်ရယ်ပြုခြင်း အချို့တောင် ရှိနေသည်။

နှစ်များစွာ ယခုချိန်ထိ ထုန်းယန်နှင့် ရွှီရှင်းတောသည် ခန္တာကိုယ်ချင်း လဲလှယ်နိုင်သည်။ ထိုကိစ္စကို မပေါ်ပေါက်စေရန် ဖုံးကွယ်ဖို့ သူတို့သည် ကြီးမားသည့် အားစိုက်ထုတ်မှုများကို ပြုလုပ်ခဲ့သည်။ သို့သော် သူတို့တွင် မတူညီသည့် အော်ရာ (aura) ရှိနေသေးပြီး သူတို့ ထိုအရာကိုတော့ မတတ်နိုင်ပေ။

ရွှီရှင်းတော့ ဟာပေါက်များ ပို၍နည်းစေရန် စကားနည်းနည်းပြောဖို့ ရွေးချယ်သည်။ ထုန်းယန်သည် ဟာပေါက်များ ပို၍နည်းပါးစေရန် ဒေါသသိပ်မထွက်ဖို့ ရွေးချယ်သည်။ထိုသို့ရွေးခြယ်သည်တောင်မှ လူအများသည် အကြောင်းပြချက်ရေရေရာရာမသိပါပဲ အော်ရာကွာခြားမှုကို သေချာပေါက်ခံစားကြရသည်။

ယခုအချိန်တွင် ထုန်းယန်သည် မတူကွဲပြားသော အော်ရာတစ်မျိုးကို ထုတ်လွှတ်လျက် ဂီတအခန်းထဲရှိ ရွှီရှင်းတော၏ ခန္တာကိုယ်ထဲတွင် ဖြစ်သည်။ ထိုအရာကိုကြည့်ပြီး မိန်းကလေးများစွာသည် ချက်ချင်း ပါးစပ်ပိတ်သွားကြလေသည်။

မုချင်းယောင်သည် လုံးဝ မည်သည့်အရာကိုမျှ မခံစားရပေ။ သူမ၏သဘောထားကြီးသော အခြမ်းကို သရုပ်ဆောင်ပြခြင်းတွင် နစ်မြှုပ်နေလျက် သူမ ပြောသည်။ "ငါ့ကိုအထင်မလွဲပါနဲ့။ ငါ့မိသားစုသ နင့်အတွက် သေချာပေါက် စန္ဒယား သင်ခန်းစာတွေကို စီစဉ်ပေးလိမ့်မယ်။ တကယ်လို့ နင်ကောင်းကောင်းနားလည်ရင် ဂီတရဲ့ပြီးပြည့်စုံတဲ့အပိုင်းတစ်ပိုင်းကို နင်တီးနိုင်လိမ့်မယ်"

ထုန်းယန်သည် fallboardကို မရန်ရောက်ရှိသွားပြီး
နောက် ၎င်းကို ပစ်ချလိုက်သည်။စန္ဒရား၏fallboardသည် စန္ဒရားကိုထိကာ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now