Chapter 83(Unicode&Zawgyi)

1K 97 0
                                    


*နောက်တစ်နေ့မနက်ခင်းတွင်*

ရွှီရှင်းတော အတန်းထဲသို့ ဝင်လာပြီးသိပ်မကြာခင်တွင် အတန်းကိုယ်စားလှယ်သည် သူမဆီသို့လာပြီး အတန်း၏ပျှမ်းမျှစွမ်းဆောင်မှုအမှတ်အကြောင်းပြောလေသည်။

နိုင်ငံတကာအတန်း၏စာမေးပွဲများမှာ ပုံမှန်အတန်းများနှင့်မတူပေ။ဤကျောင်းတွင် ကျောင်းသားများ၏အရည်အချင်းကိုစစ်ဆေးရန် 'ကွန်ပျူတာဖြင့်အမှတ်ပေးသောစနစ်'ကိုကျင့်သုံးသည်။သူတို့၏စာမေးပွဲရမှတ်များ၊နေ့စဉ်ဆောင်ရွက်လှုပ်ရှားမှုရမှတ်များ ( အတန်းတက်ရောက်ချိန်အပါအဝင် ) နှင့်အပိုရမှတ်များကို စစ်ဆေးကာ သူတို့၏လုပ်ဆောင်ချက်ကို အကြမ်းဖျငိးတွက်ချက်သည်။

နာမည်တွင်အကြံပြုထားသည့်အတိုင်း စာမေးပွဲရမှတ်များသည် စာမေးပွဲတွင်ရရှိသောအမှတ်များအပေါ်အခြေပြုသည်။ကျောင်းတွင် စာသင်နှစ် တစ်နှစ်အတွင်းစာမေးပွဲခြောက်ကြိမ်ကျင်းပသည်ဖြစ်ရာ စာသင်နှစ် နှစ်ဝက်ကာလအတွင်းစာမေးပွဲသုံးကြိမ်ရှိသည်။

နေ့စဉ်ဆောင်ရွက်လှုပ်ရှားမှုရမှတ်များမှာ သူတို့၏အပြုအမူနှင့်အတန်းတက်ရောက်ချိန်ပေါ်တွင်မူတည်သည်။ထိုရမှတ်များကိုအတန်းပိုင်ဆရာမကအဆုံးအဖြတ်ပေးခြင်းဖြစ်သည်။

အပိုရမှတ်များကိုတော့ အပိုသင်ရိုးညွှန်းတမ်း လှုပ်ရှားမှုများတွင်ပါဝင်ခြင်းဖြင့်ရရှိနိုင်သည်။ဥပမာအားဖြင့်ပြောရမည်ဆိုလျှင် နိုင်ငံတကာဗိုလ်လုပြိုင်ပွဲတွင် တုန်းယန်ပါဝင်ပြီးကတည်းက သူ၏အပိုရမှတ်မှာအနည်းဆုံး 80 မှတ်ရှိ၏။

ရွှီရှင်းတောမှာစာသင်နှစ်ဝက်ကျော်ပြီးချိန်မှ အခြားကျောင်းမှပြောင်းလာသောကြောင့် အရှေ့ပိုင်းစာမေးပွဲအနည်းငယ်ကိုလွဲချော်ခဲ့ပြီးဖြစ်ကာ ၎င်းကသူမ၏အရည်အချင်းစစ်ရမှတ်ကို အခြားသူများ၏နောက်တွင်ကျန်နေစေသည်။ဤအချက်မှာ ရွှီရှင်းတော၏ နှစ်ဆုံးအကဲဖြတ်မှုအတွက်မကောင်းလှပေ။

အကယ်၍ရွှီရှင်းတော၏နောက်ဆုံးရမှတ်မှာ အလွန်နည်းနေလျှင် တစ်တန်းလုံး၏ ပျှမ်းမျှအရည်အချင်းစစ်ရမှတ်ကိုပါနည်းနေစေလိမ့်မည်ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now