Chapter 91(Unicode&Zawgyi)

778 85 3
                                    


သူမက ဒေါက်မြင့်ဖိနပ်ကို စီးထားသည့်အတွက် လမ်းလျှောက်ရန် အဆင်မပြေဖြစ်နေ၏။ သူမဟာ အလွန်နှေးကွေးစွာ လျှောက်ရင်း အဆုံးမှာတော့ ပွဲကျင်းပရာနေရာကို အရောက်သွားရန် ကြိုးစားလိုက်ရသည်။ စားသောက်ခန်းမကို ဝင်ရောက်ပြီးနောက် လူအများအပြားကရောက်နေကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

မွေးနေ့ပွဲက လွန်ခဲ့သည့် မိနစ်၂၀ကတည်းက စတင်ခဲ့တာဖြစ်ပြီး ပွဲ၏ အခမ်းနားမှူးက စကားပြောနေဆဲဖြစ်သည်။ ရွှီရှင်းတောဟာ မဝင်သွားဘဲ အခမ်းနားမှူးစကားပြောပြီးသည်ထိ စောင့်လိုက်သည်။ သူမဟာ လျှောက်လမ်းတစ်လျှောက် အနောက်ဘက်နားက တောင့်နားမှာ ရပ်နေ၏။

စကားဆုံးသွားသည့်အခါ တစ်စုံတစ်ယောက်က ရွှီရှင်းက်ို သတိထားမိသွား၏။ ဤအချိန်၌ ရွှီရှင်းတောဟာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်ရင် နေရာတစ်နေရာ ရှာတွေ့သွားပြီ ဖြစ်သည်။

လုရန်ကျားဟာ ရောက်လာပြီး ရွှီရှင်းတောကို စကားပြောရန် လက်ဦးမှုယူလိုက်သည်။ "နင်ဘာလို့ ဒီရယ်ချင်စရာကောင်းတဲ့ ကုတ်ကို ဝတ်ထားတာလဲ? ပထမဆုံးအကြိမ် ဂါဝန်ဝတ်ရတာက အရမ်းမသက်မသာ ဖြစ်နေတာလား?"

ရွှီရှင်းတောဟာ အတော်အတန် ရင်းနှီးသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ " ငါအအေးမိမှာကြောက်လို့"

သူမဟာ စင်စစ် အအေးကြောက်၏။ ရာသီဥတုက အနည်းငယ်မျှ ပိုအေးလာလျှင်တောင် သူမဟာ ပိုပြီး နွေးနွေးထွေးထွေးဝတ်ရန် လိုအပ်သည်။ အောက်တိုဘာလအဆုံးကို ရောက်နေပြီဖြစ်ကာ ရာသီဥတုက အေးလာပြီ ဖြစ်သည်။ သူမဟာ အစားသောက်ခန်းမထဲကို ရောက်နေတာကြာပြီ ဖြစ်သော်ငြား ယခုချိန်ထိ မနွေးသေးပေ။

ထိုအချိန်မှာ မုချင်းယောင်တစ်ယောက်ရောက်လာပြီး ရွှီရှင်းတောကို အမြင်အားဖြင့် ကူညီဖို့ ကြိုးစားနေသည့်ပုံပင်: "နင်ရောက်လာပြီပဲ။ အခု ငါနင့်ကို သတိတောင်မထားမိဘူး။ နင့်ရဲ့ကုတ်အင်္ကျီကို ချွတ်လိုက်။ မလိုက်ဘူး။ စားပွဲထိုးကိုသာ ပေးထားလိုက်" ရွှီရှင်းတောဟာ မငြင်းဆန်နေတော့ဘဲ သဘောတူညီသည့်အနေဖြင့် ခေါင်းငြိတ်ပြလိုက်သည်။ သူမဟာ ထိုင်ခုံပေါ်တွင် လက်ဆောင်ကိုတင်လိုက်ပြီး သူမရဲ့ကုတ်အင်္ကျီကို ချွတ်လိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now