Chapter 49(Unicode&Zawgyi)

1.1K 112 3
                                    


ထုန်းယန်နှင့် ရွှီရှင်းတောတို့ အဖွားရွှီအတွက် စီစဉ်ပေးသည့် ပြုစုစောင့်ရှောက်ရေး ဂေဟာက မြို့တွင် အကောင်းဆုံး ပြုစုစောင့်ရှောက်ရေးဂေဟာ ဖြစ်သည်။

ပြုစုစောင့်ရှောက်ရေးဂေဟာသည် မြစ်နားတွင် ရှိသည့် သစ်တောဥယျာဉ်၏ဘေးတွင်တည်ရှိသည်။ ၎င်းက ပတ်ဝန်းကျင်ကို အလွန်အကျိုးပြုလေသည်။

ပြုစုစောင့်ရှောက်ရေးဂေဟာနှင့် သိပ်မဝေးသည့်နေရာတွင် ဆေးရုံကြီးတစ်ခု ရှိသည်။

အဖွားရွှီက  မြစ်က်ို လှမ်းမြင်နိုင်သည့် အခန်းတွင် နေထိုင်သည်။ အခန်းထဲ၌ ဧည့်ခန်းတစ်ခုနှင့် မီးဖိုချောင်အပွင့်တစ်ခုလည်း ပါရှိသည်။

ထုန်းယန်တစ်ယောက် တရုတ်ပြည်သို့ ပြန်ရောက်ပြီးနောက် အဖွားရွှီကို မတွေ့ရသေးပေ။ သူသည်အဖွားရွှီ၏ အခြေအနေနှင့်ပတ်သက်ပြီး သူနာပြုကို မေးမြန်းလိုက်သည်။ ထို့နောက် သူသည် အဖွားရွှီ၏အခန်းကို သူ၏သော့ဖြင့် ပွတ်ဆွဲလိုက်သည်။

သူဟာအခန်းထဲက အဖွားရွှီကို တွေ့ချင်ရုံသာဖြစ်သည်။

အဖွားအား မခြောက်လန့်မိစေရန် သူဟာ သူနာပြုဝတ်စုံကို အထူးတလည် ဝတ်ဆင်လိုက်သည်။ သူတို့က တစ်ခါတစ်ရံ အဖွားရွှီအား အခန်းထဲက အမှိုက်များကို ကူညီဖြေရှင်းပေးခြင်း သို့မဟုတ် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးပေးသောကြောင့်ပင်။

ထုန်းယန်က ဝင်သွားလိုက်ပြီး အိပ်ယာဘေးတွင် ထိုင်လိုက်သည်။ သူသည်အိပ်ယာတွင် ချိတ်ဆွဲထားသည့် ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကို ယူပြီး ကြည့်လိုက်သည်။ ယင်းအား ကြည့်ရှုစစ်ဆေးပြီးနောက် သူဟာ အဖွားရွှီက ဘာမှ မဖြစ်ဘူးဆိုတာကို စိတ်ချသေချာသွား၏။

ထုန်းယန်က ရွှီရှင်းတောနှင့် မကြာခဏ သူ၏ခန္ဓာကိုယ်ကို လဲလေ့ရှိပြီး အဖွားရွှီနှင့် အချိန်များစွာ ကုန်ဆုံးခဲ့သည့်အတွက် သူဟာ သူမနှင့် ပတ်သက်ပြီး စင်စစ် ဂရုစိုက်လေသည်။

သူနိုင်ငံခြားမှာ ရှိနေတုန်းက အဖွားရွှီ၏အခြေအနေနှင့် ပတ်သက်ပြီး မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိသည်။ ပြန်ရောက်လာပြီးနောက် စိတ်ချသေချာမှု ရှိစေရန် အဖွားရွှီကို လူကိုယ်တိုင် လာတွေ့ခြင်း ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now