Chapter 93(Unicode&Zawgyi)

755 88 1
                                    


ရွှီရှင်းတောဟာ မနေ့တုန်းက ဘူးထဲက ကတ်သေးသေးလေးကို သတိပြုမိသွား၏။ ယင်းဟာ မူလတုန်းက ကောင်းချီးများ တောင်းဆုချွေပေးထားသည့်စာဟု ထင်မှတ်ထားသော်ငြား ထုန်းယန်က လက်မှတ်ထိုးထား၏။

သူမဟာ ဤနာရီ၏အဓိပ္ပာယ်နှင့်ပတ်သက်၍ အနည်းငယ်သိချင်မိ၏။ အားလုံးထက် မိနိးကလေးတစ်ယောက်က တစ်စုံတစ်ယောက်အား တိတ်တခိုး ချစ်မိနေသည့်အခါ သူပြုလုပ်သည့်အပြုအမူသေးသေးလေးကတောင် သူမ၏ ထင်မြင်ချက်များကို နိုးကြွစေပြီး သူမဟာ နောက်ကွယ်က အဓိပ္ပာယ်ကို ရှာဖွေဖို့ ကြိုးစားလိမ့်မည်။

သူမဟာ ဘူးထဲမှ ကတ်လေးကို ထုတ်လိုက်ပြီး သူမဟာ နာရီအကြောင်းကို အင်တာနက်ပေါ်တွင် စုံစမ်းစစ်ဆေးလိုက်သည်။ သူမဟာ သူမတွေ့လိုက်ရသည့်အရာကြောင့် လုံးဝ ထိတ်လန့်သွားပြီး မစစ်ဆေးခဲ့လျှင်က ပိုကောင်းလိမ့်မည်ပင်။

ဤနာရီ၏တန်ဖိုးက အရေအတွက်အကန့်အသတ်ဖြင့်ထုတ်လုပ်ထားသည် ဆိုသည့်အချက်ကြောင့်၎င်း၏တန်ဖိုးမှာ ယွမ်ပေါင်း7.88မီလီယမ် ရှိသည်ဟု တရားဝင်ဝက်ဆိုဒ်က ဆိုထားသော်ငြား အရေအတွက်အားဖြင့် စုစုပေါင်း ၉လုံးသာ ရှိ၏။

အကယ်၍ တစ်စုံတစ်ယောက်က ထိုနာရီတစ်လုံးကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရရှိရန် ဤကုမ္ပဏီ၏ စီနီယာVIP မန်ဘာဝင်တစ်ဦး ဖြစ်ရန်လိုအပ်ပေသည်။

ဈေးကြီးခြင်းက ကဏ္ဍတစ်ခုဖြစ်သော်ငြား ဝယ်ရန်ခက်ခဲခြင်းက အရေးအကြီးဆုံးဖြစ်သည်။အကယ်၍တစ်စုံတစ်ယောက်က ဤနာရီကို အမှန်တကယ် ဝယ်ယူချင်လျှင် ကုမ္ပဏီ၏ တခြားထုတ်ကုန်များအပေါ် ငွေအများအပြားသုံးစွဲပြီးနောက် ကုမ္ပဏီက သူတို့အား ကန့်သတ်မှုတစ်ခု ပေးကောင်းပေးလိမ့်မည်ပင်။

ထို့ကြောင့် ဤနာရီ၏တန်ဖိုးက ယွမ်7.8မီလီယမ်ကျော်ခြင်းပင်။

သူမဟာ အချက်အလက်ပေါင်းများစွာကို ဆက်လက်ရှာဖွေပြီးနောက် နာရီ၏ အချက်အလက်တစ်ခုချင်းစီကိုလည်း လေ့လာလိုက်သည်။ သူမဟာ နာရီပေါ်က အမှတ်စဉ် နံပါတ်ကိုကြည့်လိုက်သည်။ သူမဟာ ၎င်းနှင့်ပတ်သက်၍ အများကြီးတွေးတောမနေဘဲ တရားဝင်ဝက်ဆ်ိုက်ထဲတွင် အမှတ်စဉ်နံပါတ်ကို ရိုက်ထည့်လိုက်ပြီး ဤနာရီ၏ပိုင်ရှင်အဖြစ်သူမ၏ နာမည်ကို တွေ့လိုက်ရသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now