Chapter 61(Unicode&Zawgyi)

1.1K 112 0
                                    


"သူတို့က ဘယ်လိုလုပ် ဒီလောက်အများကြီးတောင် ပြောနိုင်ရတာလဲ?"

" အဖွားဝမ်၊ အန်တီလျိုနဲ့ ယောင်းမတို့က ထုံးစံအတိုင်း အတင်းတုပ်ဖို့ အဖွားရွှီရဲ့အိမ်မှာ တစ်နေကုန်လုံး ထိုင်နေကြတာမဟုတ်ဘူးလား? သူတို့ ဘယ်လောက် ကျော့ရှင်းလှပလဲ? သူတို့ရဲ့သားက ပိုက်ဆံဘယ်လောက်ဝင်လဲ? တကယ်တမ်းတော့ အတင်းတုပ်တာက လူသားတွေရဲ့ နောက်ထပ်သဘာဝပဲ"

ထုန်းယန်က တစ်ခါတစ်ရံတွင် သခင်လေးတစ်ယောက်နှင့် စင်စစ် မတူချေ။ သူ့ရဲ့ခန္ဓာကိုယ်ချင်း လဲလှယ်ပြီးနောက် သူဟာ အဖွားရွှီရဲ့ဘေးမှာ ထိုင်ပြီး သူမနှင့် သူမရဲ့ သူငယ်ချင်းတို့ အတင်းတုပ်သည်ကို စိတ်ဝင်တစား နားထောင်၏။ သူဟာ တစ်ခါတစ်လေ လက်တစ်ဆုပ်စာအပြည့် ကွာစေ့ကိုတောင် စားလေ့ရှိသည်။

ထို့ကြောင့် သူဟာ အထူးသဖြင့် အတင်းတုပ်ခြင်းအနုပညာကို နားလည်လေသည်။ ၎င်းက နားထောင်ရတာ စင်စစ် စိတ်ဝင်စားစရာကောင်း၏။ အတင်းအဖျင်းက ပိုပြီး မယုံနိုင်စရာကောင်းလေလေ စိတ်လှုပ်ရှားစရာပိုကောင်းလေလေ ဖြစ်သည်။

"နင် ဘာလို့ ပိုစ့်ကို မဖျက်တာလဲ?" ရွှီရှင်းတောက ထပ်မေးလိုက်သည်။

"ကျန်းလုံထောင်းတောင်းပန်တဲ့ပိုစ့်ကို ရက်အနည်းငယ်လောက် ထားရမယ်။ အဲဒါမှ လူတိုင်း အဲဒါကို မြင်နိုင်မှာ"

"ငါ့အတွက်လား?"

"ဟုတ်တာပေါ့"

"နင့်ကို သက်ရောက်မှုရှိမှာလား?"

"တကယ်တမ်းတော့ မရှိဘူး"

ရွှီရှင်းတောက ထပ်မမေးတော့ဘဲ လော့ရွှီကို WeChatမှာ စာပြန်လိုက်သည်: ငါ အခုလေးတင် ပို့စ်ကို ဖတ်လိုက်တာ။ အဲဒါက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။

လော့ရွှီ: ဝေါင်း နင်က နည်းနည်းလေး စိတ်အနှောင့်အယှက် ဖြစ်ရုံပဲ။ သူတို့တွေ နင့်ရဲ့ သာမညောင်ည နောက်ခံအကြောင်း ထည့်ပြောတာကိုဖတ်တဲ့အချိန် ငါအရမ်းဒေါသထွက်နေတာ။ သူတို့က နင် အကျင့်မကောင်းဘူးဆိုတာနဲ့ နင်က မကြာခင် ထုန်းယန်ကို လမ်းကြောင်းလွဲစေတော့မှာ ဆိုတဲ့အကြောင်းတောင် ပြောနေကြတာလေ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now