Chapter 112(Unicode&Zawgyi)

628 79 0
                                    


ထုန်းယန်ဟာ ကိုကိုးအား အလေးအပေါ့စွန့်ဖို့အတွက် လမ်းလျှောက်ထွက်ရန် ခေါ်သွား၏။
သူဟာ လူဘယ်လောက်များများက ကိုကိုးအား တိတ်တိတ်လေးအစားလာကျွေးလဲဆိုတာကို မသိပေ။ ကိုကိုးဟာ ခွေးပေါက်လေးများအား လွယ်ထားရသည့် အလွန်ကျန်းမာသည့် ခွေးတစ်ကောင်ကဲ့သို့ပင်။

သို့သော်ငြား ကိုကိုးက အထီးဖြစ်သည်။ ရုတ်တရက် သူ၏ခန္တာကိုယ်ဟာ အိပ်မွေ့ချခံရသကဲ့သို့ မိန်းမောသွားပြီး အသိပြန်ဝင်လာသည့်အခါအခန်းထဲက အိပ်ယာပေါ်မှာ လဲလှောင်းနေသည်က်ို တွေ့လိုက်ရသည်။ သူဟာ သူရဲ့လက်ကိုမြှောက်လိုက်သည့်အခါ သွယ်လျနေသည့် 'သူ၏'
လက်ချောင်းများကို တွေ့လိုက်ရသည်။

ဘာဖြစ်သွားတာလဲ? ငါတို့က ထပ်ပြီး ခန္တာကိုယ်လဲဖို့ ဖိအားပေးခံရပြန်ပြီ။

သူထိုင်လိုက်သည့်အခါ သူ၏ အမြင်အာရုံက ဝေဝါးနေသလို ခံစားလိုက်ရသည်။ သူဟာ မသ်ိစိတ်၏ စေ့ဆော်မှုအရ သူ၏မျက်လုံးများကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီး စိုစွတ်နေကြောင်း ခံစားလိုက်ရသည်။

သူဟာ တစ်ခဏမျှ ကြက်သေသေသွားပြီး ရွှီရှင်းတောဟာ သူမလာခင် မျက်ရည်များကို တိတ်တဆိတ်သုတ်ထားကြောင်း သင်္ကာမကင်းဖြစ်သွား၏။

သူရပ်လိုက်သည့်အခါ သူ၏ခြေထောက်က အနည်းငယ်မသက်မသာဖြစ်နေသလို ခံစားရ၏။
သူဟာ သူမအတွက်ပြင်ဆင်ပေးထားသည့် ဒေါက်ဖိနပ်များကို အမှတ်ရသွားသည့်အခါ သူ့ကိုယ်သူ ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။

သူဟာ ရွှီရှင်းတော၏ ပုံစံကိုကြည့်ရန် မှန်နား သွားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူမဟာ ငိုထားပြီး သူမ၏မျက်လုံးများက ဖောင်းနေ၏။

အခန်းအား တစ်ဖန်ကြည့်လိုက်သည့်အခါ ဘာမှမရှိကြောင်း တွေ့လိုက်ရသည်။ ပစ္စည်းအများအပြားအား ထုတ်ပိုးထား၏။ ကြမ်းပြင်ပေါ်တွင် ခရီးဆောင်အိတ်နှစ်လုံးရှိနေ၏။ တစ်လုံးက ဘေးတွင်ထောင်ထားပြီး တစ်လုံးက ဖွင့်ထားဆဲဖြစ်သည်။ အထဲ၌ မစီရသေးသည့် အထုတ်အပိုးများစွာ ပုံနေ၏။
ဘာဖြစ်တာလဲ?

ရွှီရှင်းတောက သူရဲ့မိသားစုနဲ့ စကားများခဲ့တာလား? သူမက အနိုင်ကျင့်ခံရတာလား? သူမက ဒီအိမ်ကနေ ထွက်သွားတော့မှာလား?

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now