Chapter 22(Unicode&Zawgyi)

1.2K 114 0
                                    

နောက်တစ်နေ့ , နေ့ခင်းပိုင်းတွင် ကျောင်းက
ဝါသနာသင်တန်းများကို ‌ရပ်နားလိုက်သည်။
အတန်းတိုင်းက ကျောင်းသားများသည် သူတို့၏
စာသင်ခန်းထဲတွင်နေကြကာ ပရိုဂျက်တာကို ဖွင့်ပြီး အာရှစန္ဒယားပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ကို
ကြည့်ရှုရသည်။

ယနေ့ သူတို့ကျောင်း၏ထုန်းယန်သည် ဗိုလ်လုပွဲတွင်
ပါဝင်ယှဥ်ပြိုင်မည်ဖြစ်သည်။

ဤသည်မှာ ကျောင်းတော်ကြီးအတွက်
ဂုဏ်ကျက်သရေကို ယူဆောင်လာပေးမည့်
ကြီးကျယ်ခမ်းနားသောအဖြစ်အပျက်တစ်ခုဖြစ်သည်မှာ အသေချာပင်ဖြစ်သည်။ ကျောင်းသည် ဤပြိုင်ပွဲကို အရမ်းအလေးထားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို မဖြစ်မနေကြည့်ရှုရန်ပင်ကျောင်းကပြုလုပ်ထားသည်။

ရွှီရှင်းတောသည် သူမ၏လက်ထဲတွင် ဖုန်းကိုကိုင်ထားပြီး စခရင်ကြီးကို ကြည့်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုသည် ပြည်တွင်းအစီအစဥ်တစ်ခု
ပေါ်တွင်ဖြစ်သည်။အသေအချာပင် အစီအစဥ်သည် ပြည်တွင်းပြိုင်ပွဲဝင်များကို ပိုမိုအာရုံစိုက်ပေးပြီး
အခါအားလျော်စွာ ထုန်းယန် သူ၏အဆင့်အတန်းကိုပြသနိုင်ရန် ရိုက်ကူးပေးလိမ့်မည်ဖြစ်သည်။

ထုန်းယန်၏ ယောကျ်ားပီသသောမျက်နှာသည်
မျက်နှာပြင်ကြီးပေါ်တွင် ပေါ်လာသည်။
သူသည် သူ၏လက်ထဲတွင် ဖုန်းကိုကိုင်ထားသည်။
သူသည် ဖုန်းကို ရံဖန်ရံခါ ဝေ့ကြည့်လိုက်ပြီး ပြိုင်ပွဲရှိ
ကစားသမားများကိုလည်း ကြည့်နေသည်။

လူတစ်ယောက်သည် သူ့ကိုသူမထိန်းချုပ်နိုင်ဘဲ
ပြောလိုက်သည် " စခရင်ကျယ်ကြောင့်လား
ငါမသိပေမယ့် ဖန်သားပြင်‌ပေါ်မှာ ထုန်းယန်ရဲ့
မျက်နှာကို မြင်ရတာကတော့ သူက ရုပ်ရှင်ထဲက
သူရဲကောင်းတစ်ယောက်နဲ့တူတယ်လို့
ငါခံစားရတယ် "

သူသည် တစ်ယောက်တည်း မဟုတ်။လူတိုင်း
ဖန်သားပြင်ပေါ်ကထုန်းယန်ကို ကြည့်လိုက်သောအခါ
သူတို့သည် ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေရပြီး
ထုန်းယန်သည်လည်း ရုပ်ရှင်၏အဓိကဇာတ်ဆောင်
တစ်ယောက်အဖြစ် ခံစားရသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now