Chapter13(Unicode&Zawgyi)

1.4K 118 0
                                    


စာသင်ခန်းထဲသို့ ဝင်ပြီးနောက် စာသင်ခန်းထဲတွင် သူမအပါအဝင် ကျောင်းသားခုနစ်ယောက်သာ ရှိသောကြောင့် ဤအတန်းက အတန်းငယ်တစ်ခုဖြစ်ကြောင်း ရွှီရှင်းတောတစ်ယောက် သေချာသွား၏။   မုချင်းယောင်အပါအဝင်တောင်မှ ဤအတန်းတွင် ကျောင်းသားရှစ်ယောက်သာ ရှိလေသည်။

စာသင်ခန်း၏ အလယ်တွင် စားပွဲရှည်ကြီးတစ်ခုရှိကာ ကျောင်းသားများက တစ်ဖက်စီတွင် ထိုင်ကြသည်။

ဆရာက ခုံအလွတ်ကို ညွှန်ပြကာ ရွှီရှင်းတောကို ပြောလိုက်သည်။ "မင်းဒီမှာ ထိုင်လို့ရတယ်။ ဒီမှာ ဘယ်သူမှ မထိုင်ဘူး"

ရွှီရှင်းတောတစ်ယောက် ခေါင်းညိတ်ပြပြီးနောက် ထိုင်လိုက်သည်။

သူမ ထိုင်လိုက်သည့်အခါ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး မုချင်းယောင်နှင့် ရှန်းကျုဟန်တို့သည် သူမနှင့် မျက်နှာချင်းဆိုင်တွင် ထောင့်ဖြတ်အတိုင်း ထိုင်နေကြသည်ကို သူမတွေ့လိုက်ရသည်။သူတို့၂ယောက်လုံး သူမကိုအေးစက်စွာကြည့်နေ၏။

သူမနှင့် မျက်နှာချင်းဆိုင်တွင် ယောကျာ်းလေးတစ်ယောက် ထိုင်နေ၏။ သူသည် သူမကို ကြည့်ကာ ပြုံးလိုက်သည်။ သူသည် စိတ်သဘောထားကောင်းရှိသည့် ပုံပေါက်လေသည်။ ကောင်လေး၏ အသားအရေက အနည်းငယ်မျှ ရောဂါသည်နှင့်တူကာ ဖြူေဖျာ့ကာ နည်းနည်းနေမကောင်း၍ အားနည်းသည့်ပုံပေါက်နေ၏။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ချောမောခန့်ညားသည့် မျက်နှာရှိကာ ကြင်နာသည့်ပုံပေါ်လေသည်။

ရွှီရှင်းတောသည် ပြုလည်အသိအမှတ်ပြုသည့်အနေဖြင့် သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

ဆရာသည် ရွှီရှင်းတော၏အဖြေစာရွက်ကို ယူကာ
စတင်စစ်ဆေးတော့သည်။ ထို့နောက် သူသည် စာရွက်ပေါ်တွင် အမှတ်များ ရေးကာ ပြောလိုက်သည်။
"အဆင်ပြေသားပဲ။ မင်းစာမေးပွဲ အောင်တယ်။ မင်းရဲ့တိကျမှန်ကန်မှုကလည်း ကောင်းတယ်။ နောက်တစ်ခေါက်ကျရင် မေးခွန်းပိုများများ ဖြေဖို့ ကြိုးစားကြည့်ပါ"

ရွှီရှင်းတောတစ်ယောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now