Chapter 120(Unicode&Zawgyi)

740 90 4
                                    


စာမေးပွဲမစခင်လေးတွင် ဆရာမများက ကျောင်းသားတိုင်း၏ ဖုန်းကို သိမ်းယူလိုက်ပြီး
ကျောင်းသားများအား စာမေးပွဲဖြေနေသည့်အချိန်အတွင်း ကိုယ့်နေရာကိုယ်ထိုင်ဖို့ သတိပေးလိုက်သည်။

ရွှီရှင်းတောဖြေဆိုသည့် စာမေးပွဲခန်းတွင် ကျောင်းသား ၂၂ယောက် ရှိလေသည်။ အယောက် ၂၀က ကျောင်း၏နောက်ဆုံးအဆင့် ၂၀ကို ရကြသူများဖြစ်ကာ တစ်ယောက်က ကျောင်းမှတ်တမ်းရမှတ်ရရန် လာဖြေသည့် ရွှီရှင်းတော ဖြစ်ကာ နောက်တစ်ဦးက ကျောင်းပြောင်းလာသည့် ယင်ရှောက်ရှူပင်။ ဤကဲ့သို့ ကျောင်းသားများအား အတူတကွ ပေါင်းစည်းထားသည့် အဆုံးသတ် ရလဒ်အနေဖြင့် ရွှီရှင်းတောတစ်ယောက်သာ စာမေးပွဲကို အလေးအနက် ဖြေဆိုနေ၏။

သူတို့ အမှန်ရွေးမေးခွန်းများကို ဖြေဆိုပြီးသွားသည့်အခါ အများစုက သူတို့ခုံမှ ဦးတည်ရာအဘက်ဘက်ကို သွေးရူးသွေးတန်းလျှောက်ကြည့်နေကြ၏။

သူတို့ဟာ စာမေးပွဲဖြေချိန်အတွင်း စာဖြေခန်းအတွင်း၌သာ နေခိုင်းထားသည့်အတွက် တစ်ခန်းလုံးတွင် ရွှီရှင်းတောတစ်ယောက်တည်းကသာ ဖြေဆိုနေဆဲဖြစ်သည်။ အဖြေစာရွက်က ပါးလွှာလှသည့်အတွက် သူမ၏ဘောပင်ထိပ်ဖျားက စားပွဲခုံကို ထပ်ခါတစ်လဲလဲ ခြစ်မိရာ "တက် တက် တက်" အသံများ ထွက်ပေါ်နေ၏။

ယင်ရှောက်ရှူက မျက်မှောင်ကြုတ်ရင်း မေးခွန်းစာရွက်ပေါ်မှာ အဖြေ ဖြည့်နေသည့် သူမကို ကြည့်လိုက်သည်။ သူဟာ အနီးကပ်ကြည့်ရန် သူ့ရဲ့လည်ပင်းကို ဆန့်လိုက်သော်ငြား နောက်ပြန်ဆုတ်လိုက်ပြီး ပီကေကို ပျင်းရိပျင်းတွဲဆက်ဝါးလျက် ထပ်ခါတလဲလဲ ပူဖောင်းက ပေါက်သွားလျှင် တစ်ဖန် ပြန်မှုတ်လိုက် လုပ်နေ၏။

ဂနာမငြိမ်ဖြစ်လျက် သူဟာ သူရဲ့ခုံကို
ရှေ့တိုးနောက်ဆုတ်လုပ်နေသည့်အတွက် သူ့အနောက်က စားပွဲခုံနဲ့ အဆက်မပြတ် ရိုက်မိရင်း
အသံကျယ်ကြီးတစ်သံထွက်လာ၏။

အခန်းထဲရှိ စာမေးပွဲခန်းစောင့်က များသောအားဖြင့် လျစ်လျူရှူထားပြီး ဆူညံသံနှင့်ပတ်သက်ပြီး ကြည့်လည်းမကြည်သလို ဂရုလည်းမစိုက်သည့်အတွက် ရွှီရှင်းတောအား  အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေ၏။
သူမဟာ ယင်ရှောက်ရှူကိုကြည့်ရန် သူမ၏ခေါင်းကို လှည့်ပြီး တီးတိုးပြောလိုက်သည်။ "တိတ်တိတ်နေ"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now