Chapter 45(Unicode&Zawgyi)

1.2K 111 0
                                    


"မင်းရဲ့ညီမက အတော်လေး အံ့ဩစရာပဲ" ရှောက်ချင်းဟယ်က ရွှီရှင်းတောတစ်ယောက် ထုန်းယန်ဆိုင်ကယ်ဖြင့် ထွက်သွားသည်ကို ကြည့်ပြီး သက်ပြင်းချကာ မပြောဘဲ မနေနိုင်တော့ချေ။

ရှောက်ချင်းဟယ်က ရွှီရှင်းတောကို ပိုပိုပြီး စိတ်ဝင်စားလာပြီ ဖြစ်သည်။ သူမက ရှောက်ချင်းဟယ်၏ သိမြင်တတ်မှုကို ထပ်ခါထပ်ခါ ချိုးဖျက်နေ၏။

မုချင်းယီက တည်ငြိမ်ကာ တိတ်ဆိတ်နေ၏။ သူက မုချင်းယောင်ကိုသာ ကြည့်လိုက်သည်။

ဤကဲ့သို့သော နှစ်လိုဖွယ် အံ့အားသင့်စရာမျိုးက မုချင်းယီကို စင်စစ် ရှုပ်ထွေးသည့် ခံစားချက်တစ်မျိုး ပေးစွမ်းနေ၏။ သူ၏အမြင်တွင် သူ၏ညီမလေးက ဤနှစ်များထဲတွင် အပြင်လောက၌ ကောင်းကောင်းမွန်မွန် နေထိုင်လာခဲ့လေသည်။

ထို့ကြောင့်ပင် သူမက မုမိသားစုနှင့် ပတ်သက်ပြီး ဂရုမစိုက်ခြင်းပင်။

အပြစ်ရှိစိတ်က လျော့နည်းသွားသော်လည်း ရှက်ရွံ့စိတ်က ပိုတိုးလာ၏။တစ်ယောက်ယောက်က မြင်နိုင်သည့်အတိုင်းပင် ရွှီရှင်းတော၌ ကောင်းမွန်သည့်ဘဝရှိသည်။
သို့သော်လည်း သူမဟာ မုမိသားစု၏အိမ်သို့ ရောက်လျှင်ရောက်ချင်း မုမိသားစုက ယူဆောင်လာသည့် ပြဿနာအများအပြားကို ရင်ဆိုင်ရလေသည်။

ရှောက်ချင်းဟယ်က ဆက်လာပြောလေသည်။ "သူမက အတွေ့အကြုံမရှိတဲ့ပုံ မပေါက်ရုံသာမက ဆန့်ကျင်ဘက်အနေနဲ့ သူမက အတော်လေးအားကြီးတဲ့ပုံပေါက်တာပဲ။ သူမက လေ့လာတဲ့နေရာမှာ အတော်လေးကောင်းတာပဲ။ သူမက နိုင်ငံတကာအတန်းတွေရဲ့ အင်္ဂလိပ်စာသင်ကြားမှု ပတ်ဝန်းကျင်ကို အမြန်ကြီး ကျင့်သားရလာတယ်။ ထပ်ပြီးတော့ သူမက လမ်းကြားထဲက ယှဉ်ပြိုင်မှုတွေကိုလည်း သိတယ်။ အဲဒီ အရည်အချင်းတွေကို ကြည့်ရင် အဲဒါတွေက တစ်ရက်နှစ်ရက်တည်းနှင့် လေ့ကျင့်ထားတာ မဖြစ်နိုင်ဘူး။ သူမက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ မင်းထင်လား?"

မုချင်းယီက သက်ပြင်းချလိုက်သည်။ "အဲဒါက ဖုံးကွယ်ထားတာ မဟုတ်ဘူးထင်တယ်။ မင်း မမေးရင် သူမက ပြောပြမှာမဟုတ်ဘူး"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now