Chapter 48(Unicode&Zawgyi)

1.1K 110 0
                                    


ထုန်းယန်တစ်ယောက် သန့်စင်ခန်းထဲမှ ထွက်လာပြီး
ဝေ့လန်တစ်ယောက် နံရံကိုမှီရင်း သူ့အား စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူဟာ မျက်လုံးမလှိမ့်ဘဲ မနေနိုင်တော့ချေ။
(စတိုင်မလိုင်နဲ့ မှီနေတဲ့ပုံစံပါ)

'တကယ့် ဟာသပဲ!"

သူ၏လက်များကို ဆေးကြောရန် လျှောက်သွားသည့်အခါ ဝေ့လန်တစ်ယောက် ချက်ချင်းပင် ရောက်လာပြီး သူ့အား ပြောလိုက်သည်။ "တောတော
ညစာစားပြီးရင် ငါတို့လစ်ထွက်ကြရအောင်။ ငါ ရုပ်ရှင်လက်မှတ်နှစ်စောင် ကြိုဝယ်ထားတယ်။ ငါတို့ ရုပ်ရှင် သွားကြည့်ကြရအောင်။ပြီးရင် ငါမင်းကို အိမ်ပြန်လိုက်ပို့ ပေးမယ်လေ"

"ငါ ရုပ်ရှင်မကြည့်ချင်ဘူး"

"အဲဒါက အသစ်ထွက်တဲ့ ရုပ်ရှင်လေ။ ပြီးတော့ သူ့ရဲ့ ဝေဖန်သုံးသပ်ချက်တွေက တော်တော်လေးကောင်းတယ်။ မင်းသဘောကျလိမ့်မယ်လို့ ကိုယ်အာမခံတယ်"

"ငါမကြည့်ချင်ဘူး!" ထုန်းယန်တစ်ယောက် လက်ကို သုတ်ကာ စားပွဲခုံဆီသို့ လျှောက်သွား၏။

ထုန်းယန်တစ်ယောက် ခြေလှမ်းနှစ်လှမ်းပဲ လှမ်းရသေးသည့်အချိန်တွင် ဝေ့လန်က သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ဝေ့လန်က သူကို နောက်သို့ ပြန်ဆွဲခေါ်ပြီး တီးတိုး ပြောလိုက်၏။ "မင်းသိလား ကျန်းလုံထောင်းက မင်းကို ပြဿနာရှာနေတယ်လို့ ကိုယ်ကြားတုန်းက ကိုယ့်ရဲ့နှလုံးက ခုန်ထွက်တော့မလို့ပဲ။ ပြီးတော့ ကိုယ်မင်းကို ကူညီဖို့ ချက်ချင်း အပြေးလာခဲ့တာ"

ထုန်းယန်တစ်ယောက် သူ၏မျက်ခုံးကို ပင့်လိုက်သည်။ သူဟာ သတင်းရပြီး ဝေ့လန်နှင့် အခြားသူများကို သူနှင့်အတူ ခေါ်လာခြင်းဖြစ်ကြောင်း ရှင်းလင်းလှသည်။ သို့သော်ငြား ဝေ့လန်က တိတ်တဆိတ် အမှတ်ယူချင်နေ၏။

အကယ်၍ သူသာ ခန္ဓာကိုယ်ချင်း မလဲခဲ့လျှင် သူ သိတောင်သိလိမ့်မည်မဟုတ်ချေ။

ထုန်းယန်က သူ၏လက်ကို ပြန်ဆွဲယူလိုက်ပြီးနောက် နီးကပ်လွန်းသည့်အတွက် ဝေ့လန်၏မျက်နှာကို အဝေးသို့ တွန်းထုတ်လိုက်သည်။ "နင် ငါ့နောက်ကို ထပ်ပြီးလိုက်ရင် ငါ နင့်ကိုသတ်ပစ်မယ်။ တကယ်လို့ နင် နောက်ထပ်နှစ်နည်းနည်းလောက် ထပ်နေချင်သေးရင် ဝေးဝေးနေဖို့ ငါ နင့်ကို အကြံပေးတယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now