Chapter12(Unicode & Zawgyi)

1.4K 120 1
                                    

ထုန်းယန်သည် 'သူ၏' ခန္ဓာကိုယ်ကို ကိုးရိုးကားရား ရွေ့လိုက်ပြီးနောက် ရွှီရှင်းတော၏ဖုန်းကို ထုတ်လိုက်သည်။ ရွှီရှင်းတောတစ်ယောက် ယခုချိန်တွင် လက်ဗွေရာ သို့မဟုတ် face lockခတ်ထားကြောင်းကို သူသိရှိသွား၏။ သူဟာ စကားဝှက် keyကိုသာ ကြိုးစားနိုင်သည်ဖြစ်သော်လည်း အဆုံး၌ သူဟာ လက်ကိုင်ဖုန်း၏ lockကို လုံးဝမဖွင့်နိုင်ချေ။

အသည်းသန်ကြိုးစားမှုအပေါ် လက်လျော့လိုက်ပြီးနောက် သူသည် မတ်တပ်ရပ်ပြီး အခန်းထဲတွင်သာ ပတ်လျှောက်နိုင်တော့သည်။ သူ ဘယ်နေရာရောက်နေလဲဆိုတာ သိချင်၏။ အနီးအနားကို ကြည့်လိုက်ပြီးနောက် ဒါက....ရွှီရှင်းတောတို့ ရပ်ကွက် မဟုတ်ဘူးလား?

ထုန်းယန်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ပြီး အခန်းကို ကြည့်ကာ သူ၏ခေါင်းကို စိတ်မရှည်စွာ ကုတ်လိုက်သည်။

ဘာလို့သူကထပ်ပြီး အတင်းအကြပ်အလဲခံရတာလဲ?

ရွှီရှင်းတောနှင့် ထုန်းယန်သည် သူတို့ ခုနစ်နှစ်အရွယ်တွင် သူတို့၏ခန္ဓာကိုယ်များ စတင်လဲခဲ့တာ ဖြစ်သည်။ ပထမဆုံးအချိန် ဖြစ်ပျက်ခဲ့တုန်းက သူတို့နှစ်ယောက်စလုံး တုန်လှုပ်သွားခဲ့၏။

ရွှီရှင်းတောမှာ ပို၍တည်ငြိမ်သည့်သူ ဖြစ်ဆဲဖြစ်သည်။ သူမသည် သူမ၏ခန္ဓာကိုယ် အခြေအနေအား ဦးစွာ အတည်ပြုလိုက်ပြီးနောက် ပတ်ဝန်းကျင်နှင့်
အသားကျအောင် ကြိုးစားလိုက်၏။ သူမသည် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သေချာအောင် လေ့လာစီစစ်ဖို့ တည်တည်ငြိမ်ငြိမ် ကြိုးစားသည်။

သို့သော် ထုန်းယန်သည်ကာ ဦးစွာ အထိတ်တလန့် ဖြစ်သွားသော်လည်း နောက်ပိုင်းတွင် ၎င်းကို စင်စစ် လက်ခံလိုက်၏။ သူသည် ရွာထဲရှိ နေရာတိုင်းကို လှည့်လည်သွားလာကာ ရေထဲတွင် ငါးဖမ်းပြီး အသီးခူးဖို့ တောင်ပေါ်တောင် တက်လိုက်သေး၏။
သူသည် တစ်ဦးတည်းသီးသန့် အချိန်ကောင်းလေး ရရှိခဲ့သည်။

သူတို့ ပို၍ငယ်ရွယ်တုန်းက သူတို့သည် ခန္ဓာကိုယ်ချင်း အတင်းအကြပ်လဲခံရသည်။ ခံစားချက်အရ တစ်ခါတစ်ရံတွင် မသေချာမရေရာသော အခြေအနေများအောက်၌ သူတို့သည် လဲလှယ်ရန် အတင်းအကျပ်ဖိအားပေးခံရ၏။တစ်ခါတစ်ရံ၌ သူတို့သည် မိနစ်အနည်းငယ်ကြာပြီးနောက် ပြန်လဲသွားတတ်၏။သို့သော် ရက်အနည်းငယ်ကုန်ဆုံးပြီးသွားလျှင်တောင် သူတို့ ပြန်မလဲနိုင်သည့် အကြိမ်များလည်း ရှိသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now