Chapter 20(Unicode&Zawgyi)

1.3K 118 0
                                    


ကျန်းလုံထောင်း ထိုင်လိုက်ပြီးနောက် ရွှီရှင်းတော၏လက်မှာ သူ၏ဘေးတွင် ချိတ်ထားသည်ကို သူသတိထားမိသွားသည်။ သူသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖမိုးနှင့် ရွှီရှင်းတော၏လက်ချောင်းကို အမှတ်တမဲ့ ထိမိသွားပြီးနောက် ပို၍နီးနီးကပ်ကပ် ရွေ့လိုက်သည်။

ရွှီရှင်းတောသည် ကျန်းလုံထောင်းထက် ပို၍ နိုးနိုးကြားကြား ရှိလေသည်။ သူမသည် ကျန်းလုံထောင်း၏လက်ကို တိုက်ရိုက်ပင် ကိုင်လိုက်သည်။ သူမ၏လက်ချောင်းများမှာ ရှည်လျားပြီး သွယ်လျလေသည်။

ကျန်းလုံထောင်းတစ်ယောက် မပျော်ရွင်ဘဲ မနေနိုင်တော့ချေ။ တောသူငတုံးမက သွေးဆောင်ဖျားယောင်းမှုကို မခုခံနိုင်ဘူးဟု သူတွေးတောလိုက်သည်။

ဆရာသည် ကျောက်သင်ပုန်းပေါ်တွင် စာရေးရန် လှည့်သွားသွားချင်း ရွှီရှင်းတောသည် ကျန်းလုံထောင်း၏လက်ကိုလိမ်လိုက်ကာ သူ၏လက်မောင်းကို ထူးဆန်းသည့် ထောင့်သို့ လိမ်ယှက်စေလိုက်သည်။ ကျန်းလုံထောင်းသည် နာကျင်မှုသက်သာစေရန် ဝိုးတိုးဝါးတားနှင့် သူ၏လက်ကို ပြန်လည်ဆွဲယူလိုက်သည်။

သူ အော်ဟစ်တော့မည့် အချိန်လေးတွင် ရွှီရှင်းတောက သူ့ကို ကန်လိုက်သည်။

စိတ်ကြိုက်အတန်းများတွင် စားပွဲခုံငယ်လေးများ ရှိသည်။ စာအုပ်တစ်အုပ်ကိုသာ ခုံပေါ်တွင် တင်နိုင်၏။ ကုလားထိုင်များက သေးငယ်ပြီး ဝိုင်းကာ ၎င်းသည် ရွှီရှင်းတောအတွက် ကန်ရန် လွယ်ကူစေ၏။

ကျန်းလုံထောင်းတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ သူသည် လှည့်လိုက်ပြီး ရှက်ရွံမှုကြောင့် ဆဲဆိုလေသည်။ "မိုးမေလင်းလိုက်..."

ရွှီရှင်းတောသည် သူ့အား သံသယဖြစ်စွာ ကြည့်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ "အာ! ရှင် ဘာဖြစ်တာလဲ?!"

ကျန်လုံထောင်းတစ်ယောက် ဤစကားသည် ရွှီရှင်းတောကို စတွေ့ကတည်းက  သူမပြောခဲ့သည့် မိန်းမအဆန်ဆုံး စကားဖြစ်ကြောင်းကို ကျိန်ပြောနိုင်သည်။ b*tchsများဟာ b*tchesများသာ ဖြစ်သော်လည်း သူတို့ဟာ စင်စစ် အလွန်အကြူး ဖြစ်နေကြသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now