Chapter 35(Unicode&Zawgyi)

1.1K 105 0
                                    


နောက်တစ်နေ့နေ့လည်တွင် ရွှီရှင်းတောက ကန်တင်းတွင် ညစာစားဖို့ထိုင်လိုက်သည်။ ကျန်းလုံထောင်းက ရွှီရှင်းတောကိုအနှောင့်အယှက်မပေးသော်လည်း ရွှီရှင်းတော၏မျက်နှာချင်းဆိုင်တွင်ထိုင်နေသူမှာ လော့ရွှီဖြစ်နေ၏။

ထိုင်ချလိုက်ပြီးနောက် လော့ရွှီက ရွှိရှင်းတောကို သောက်စရာတစ်ခုပေးလာသည်။" ငါနငိ့အတွက်ဝယ်လာတာ"

ရွှီရှင်းတောက အတော်လေးအံ့အားသင့်နေဆဲဖြစ်ပေမယ့် သူမဟာ မငြင်းဆန်ဘဲ ပြောလိုက်သည်။ "ကျေးဇူး"

လော့ရွှီ၏အမြင်တွင် သူမနှင့် ရွှီရှင်းတောက ဆိုးယုတ်သည့်အနိုင်အထက်ပြုခြင်းကို အတူတကွ တိုက်ခိုက်ခဲ့သည့်သူတွေပင်။ သူမတို့က နက်နဲသည့် လုံးလုံးလျားလျားပြောင်းလဲပစ်လိုက်သော ခင်မင်ရင်းနှီးမှုရှိေသာေကြာင့် သူမက ရွှီရှင်းတောကို သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် မှတ်ယူလိုက်ခြင်းဖြစ်သည်။

ထို့နောက် သူမက မေးလိုက်၏။ "ရှန်းကျုဟန်က နင့်ကိုဒုက္ခပေးသေးလား? "

ရွှီရှင်းတောက သူမခေါင်းကိုခါယမ်းကာ ပုလင်းက အပြင်ဖက်တွင်စိုစွတ်နေသည်ကိုေတွ့လိုက်ရသည်။ ၎င်းကိုတွေ့သည့်အခါ အချိုရည်က အရမ်းအေးကာ သူမ၏အစာအိမ်ကခံနိုင်လိမ့်မည်မဟုတ်ကြောင်း သူမသိလိုက်သည်။မူလတုန်းက သူမငြင်းဆန်ချင်ခဲ့သော်လည်း နောက်တော့ သူမက လော့ရွှီ၏ခံစားချက်ကိုတွေးမိကာ မငြင်းဖို့ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူမစားပြီးနောက် ထိုအချိုရည်ကိုစာသင်ခန်းထဲပြန်ယူသွားကာ မသောက်ခင် ပုံမှန်အနေတော်ဖြစ်သည်အထိ စောင့်နိုင်၏။

လော့ရွှီက ထပ်မေး၏"ထုန်းယန်ကရော ဘယ်လိုလဲ? ငါကြားတာတော့ နင်ကထုန်းယန်ရဲ့ထိုင်ခုံဖော်ဆို သူမနေ့က ပြန်လာတယ်လေ"

ရွှီရှင်းတောက အလွန်အံ့အားသင့်သွား၏။ "နင်တို့အထူးတန်းက ဒီလိုကိစ္စကိုတောင်သိတယ်ပေါ့? "

"ပို့စ်တစ်ခုက ဒီကိစ္စကို လွန်ခဲ့တဲ့၂ရက်တုန်းက တင်ခဲ့သေးတယ်လေ။ နင်သိတဲ့အတိုင်းပဲ ငါက ကြည့်ကောင်းတဲ့သူတွေကို အမြဲအာရုံစိုက်တယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now