Chapter 124(Unicode&Zawgyi)

413 46 1
                                    


လျိုယထင်းသည် ရုံးခန်းဘက်ကို လျှောက်သွားရင်း အကာအရံဘေးတွင် ရပ်နေသည့် ရွှီရှင်းတောကို တွေ့လိုက်ရသည်။ သူမသည် ကောင်လေးများ အပြစ်ပေးခံထားရသည့်နေရာနှင့် မျက်နှာချင်းဆိုင်တွင် ဖြစ်ပြီး ရုံခန်းထဲကို ဝင်မည့် ရည်ရွယ်ချက် မရှိသည့်ပုံပင်။

လျိုယထင်းသည် ရွှီရှင်းတောနှင့် စကားအနည်းငယ်ပြောရန် သူမအားခေါ်ဖို့ ကြံရွယ်လိုက်သည်။

သို့သော်ငြား သူမသည် အပြစ်ဒဏ်အဖြစ် ရုံးခန်းဘေးတွင် ရပ်နေရမည့် ထုန်းယန်က အကာအရံကို မှီလျက် စိမ်ပြေနပြေထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် နောက်ဖက်ကို လှန်ပြီး ရွှီရှင်းတောကို မော့ကြည့်လိုက်သည်။သူသည် ရွှီရှင်းတောဖက်သို့သူ၏
လက်ကို ကတ်ကြီး သဏ္ဌာန်ယှက်ရင်း ပြုံးပြနေ၏။

လျိုယထင်းသည် ဤမြင်ကွင်းကို မြင်ပြီး သူမ၏ နှလုံးသားက အနည်းငယ် နာကျင်လာသလို ခံစားရသည်။

သူမရဲ့ နှလုံးသားက ဘာလို့ အရမ်း ပေတိပေကတ်နိုင်နေရတာလဲ အကြောင်းအရင်းကို နားထောင်ဖို့ ငြင်းဆန်ပြီးတော့လေ?

ထုန်းယန် အပြစ်ပေးခံရသည်ကို သူမမြင်လိုက်ရသည့်အခါ သူမဟာ သူ့အတွက်စိုးရိမ်သွား၏။ သို့သော်ငြား ရန်ဖြစ်ရသည့် အကြောင်းအရင်းက ရွှီရှင်းတောကြောင့်ဆိုတာကို ကြားလိုက်ရသည့်အခါ ရွှီရှင်းတောအပေါ် အမှန်အကန်ဒေါသထွက်သွား၏။ သို့သော်ငြား ရန်ပွဲတွင် ပါဝင်ကြသည့်သူများမှာ အဆင်ပြေကြသည့်ပုံပင်။ ထုန်းယန်သည် ပရောပရည်လုပ်နိုင်သေးသည့်ပုံပေါ်ကာ ယခုချိန်မှ စတင်၍
သူတို့၏ ဆက်ဆံရေးက ပိုမိုခိုင်မာလာဖို့ ဖြစ်ကောင်းဖြစ်နိုင်သည်ပင်။

အကယ်၍ သူမသာ အခု ဝင်ပါလိုက်လျှင် သူမကိုယ်တိုင် အထင်အမြင်သေးခံရဖို့ ဖိတ်ခေါ်လိုက်သလို ဖြစ်သွားလိမ့်မည်။

သူမဟာ အဝေးကို ထွက်သွားလိုက်ရင်း သူမ၏ နှလုံးသားထဲမှ ပြင်းထန်လှသည့် နာကျင်မှုကိုသာမက သူမ၏ ဗိုက်အောက်ပိုင်းမှ တဆစ်ဆစ် နာကျင်နေမှုကိုပါ ခံစားလိုက်ရသည်။ သူမဟာ လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး သူမကို ဗိုက်ကို ဖိရင်း တောင့်နားတွင် ထိုင်ချလိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now