Chapter8(Unicode&Zawgyi)

1.7K 169 3
                                    


ရွှီရှင်းတောတစ်ယောက် ထုန်းယန်၏ ခန္တာကိုယ်ထဲသို့ ရောက်လာသည့်အခါတိုင်း သူမသည် သင်ခန်းစာများစွာကို သင်ယူရသည်။

စူးဝေ့သည် ထုန်းယန်၏ နောက်လိုက်ဖြစ်ကြောင်းကို သူမမှတ်မိသည်။ သူမသည် သူနဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိသည့် လူများစွာကိုလည်း မှတ်မိသော်ငြား သူမသည် ရှန်းကျုဟန်နှင့် မရင်းနှီးပေ။

ထပ်မံ၍ သူမ ဒီနေရာကို လာသည့်အကြိမ်တိုင်း သူမသည် ထုန်းယန်ကို အတန်းတစ်ခုနှင့်ပတ်သက်ပြီး သို့မဟုတ် စာမေးပွဲတစ်ခုနှင့်ပတ်သက်ပြီး ကူညီရ၏။ ရန်ဖြစ်ခြင်းနှင့် ပြဿနာဖြစ်စေသည့်အတွက် ဆရာမများ၏ အဆူအငေါက်ခံရန် အစားဝင်ဖို့ ထုန်းယန်ကသူမကို လှည့်စားသည့် အကြိမ်များတောင် ရှိသေးသည်။

(ET/N: ငါတို့ရဲ့ MLက အရမ်းဆိုးသွမ်းလွန်းတယ်...)

ရှန်းကျုဟန်သည် ဒေါသထွက်လွန်း၍ လုံးဝပင် တဆတ်ဆတ်တုန်နေ၏။ သူ ဒီလိုဆက်ဆံမှုမျိုး ရခဲ့ဖူးတာ ဘယ်တုန်းကလဲ? သူက သိသိသာသာပင် သူမအား ပြက်ရယ်ပြုဖို့ လာခဲ့ပေမယ့် သူ့ကိုယ်သူ အရူးလုပ်ခြင်းဖြင့်သာ အဆုံးသတ်သွား၏။

သူသည် ဒေါသတကြီး ပြန်ဖြေလိုက်သည်။ "ရှန်းကျုဟန်!"

"အိုး..." ရွှီရှင်းတောသည် ခေါင်းငြိမ့်လိုက်ပြီးနောက် မေးလိုက်၏။
"ကျွန်မ ရှင့်အတွက် ဘာလုပ်ပေးရမလဲ?"

ငါ-ိုး!

'မင်းက ငါ့ကို ပြန်ပြောစေချင်တာလား?'

'ဒီမိန်းမရဲ့ ဦးနှောက်က ပုံမှန်ရော အလုပ်လုပ်ရဲ့လား?"

"သိသိသာသာပဲ သူမက မင်းကို လုံးဝစိတ်မဝင်စားဘူး"ရှေ့တန်းတွင် ထိုင်နေသော ဝေ့လန်က ရှန်းကျုဟန်ဖက်သို့ လှည့်လာပြီး ပြောလိုက်သည်။

ဝေ့လန်သည် ထုန်းယန်၏ သူငယ်ချင်းဖြစ်သည်။ သူ၏ မိသားစုနောက်ခံအခြေအနေသည် ထုန်းယန်၏ မိသားစုနောက်ခံလောက် မကောင်းသော်လည်း ရှန်းကျုဟန်ထက်တော့ ပိုမို ကောင်းမွန်၏။
ထို့အပြင် ဝေ့လန်သည် ရှန်းကျုဟန် ရန်မစရဲသည့် သူတစ်ယောက်ဖြစ်သည်။

ရှန်းကျုဟန်တစ်ယောက် ချက်ချင်းပင် သူကိုယ်တိုင် ရှင်းပြလိုက်၏။ "မင်းက တိကျတဲ့ အခြေအနေကို မသိပါဘူး....."

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now