Chapter 33(Unicode&Zawgyi)

1.2K 112 0
                                    


ဤအတန်းသည် အထူးသဖြင့် ပျင်းစရာကောင်းကာ ရှည်လျားပြီး အတန်းတစ်တန်းလုံးကို စိတ်ဓာတ်ကျစေ၏။

လူအများစုက အနောက်ကို တိတ်တဆိတ်ကြည့်လိုက်ကြသည်။ လူတချို့က ထုန်းယန်ဘာကြောင့်များ ရုတ်တရက်ကြီးရှန်းကျုဟန်ကို ရိုက်ရလဲဆိုတာကို သိချင်နေကြချိန်တွင် တခြားသူများကတော့ သူ၏ထိုင်ခုံဖော်အသစ်အပေါ် သူ၏တုံ့ပြန်ပုံကို သိချင်နေကြ၏။

ထုန်းယန်က တည်ငြိမ်ချင်ယောင်ဆောင်ကာ ရွှီရှင်းတောကို တိုးတိုးလေးပြောလိုက်သည်။" ငါမင်းကို စားဖို့တစ်ခုခုဝယ်လာပေးတယ်"

ရွှီရှင်းတောက သူ့ကိုကြည့်လိုက်ပြီးနောက် အံဆွဲထဲသို့လက်လှမ်းလိုက်ကာ စက္ကူပတ်ထားသောထန်းဟုလု တစ်ချောင်းကို တွေ့လိုက်ရသည်။ သူမပြုံးလိုက်ကာ ခေါင်းကိုငုံ၍ စတင်စားလိုက်၏။

ထုန်းယန်က သူ၏အမေရိကာနိုခွက်အနားကို သူ့လက်ချောင်းနှင့် ခပ်ဖွဖွထိလိုက်၏။ "တွေ့လား အတန်းထဲမှာ မအိပ်ဖို့ ငါကြိုးစားနေတယ်"

၎င်းကိုတွေ့ပြီးနောက် ရွှီရှင်းတောက နောက်ဆုံးတော့ကောင်းမွန်သည့်စိတ်အခြေအနေတွင် ရှိသွားပြီဖြစ်ကာ သူမပြုံးလိုက်ချိန် သူမ၏မျက်လုံးတို့က လခြမ်းကွေးလေး၂ခုအဖြစ် ပြောင်းလဲသွား၏။

ဝေ့လန်၏စားပွဲပေါ်တွင် စာအုပ်အပုံလိုက်ကို ထပ်တင်ထားပြီး စာအုပ်တွေအနောက်တွင် မှန်အသေးလေးကို ထားထား၏။သူသည် ထုန်းယန်နှင့် ရွှီရှင်းတောတို့၏ အခိုက်အတန့်တိုင်းကို မှန်မှတဆင့် လေ့လာနေ၏။

သူက ၎င်းနှင့်ပတ်သက်ပြီး အချိန်အကြာကြီးတွေးတောနေခဲ့ပြီး နောက်ဆုံးတွင် ထုန်းယန်က သူပြန်လာပြီးနောက် ရွှီရှင်းတောကို သေချာပေါက် ဒုက္ခရောက်အောင် လုပ်လိမ့်မည်ဟု တွက်ချက်ထားခဲ့သည်။ထို့ကြောင့်ပဲ ရွှီရှင်းတောအတွက် ကိစ္စများကိုပိုမိုခက်ခဲေအာင်မလုပ်စေရန် သူက ထုန်းယန်ကို ရွှီရှင်းတောအကြောင်းပြောပြခဲ့ခြင်းဖြစ်သည်။

သို့သော် ထုန်းယန်က သေချာပေါက် ထိုင်ခုံဖော်ရှိတာကို မကြိုက်ဘဲ ရွှီရှင်းတောကို သေချာပေါက် ထွက်သွားေအာင် လုပ်လိမ့်မည်ဖြစ်သည်။အချိန်ကျရောက်လာသည့်အခါ သူက အခြေအနေ၏အကျိုးအမြတ်ကိုယူကာ ထုန်းယန်ကိုအကောင်းတွေပြောပေးနေချိန်တွင် ရွှီရှင်းတောကို နှစ်သိမ့်ပေးမည်ဖြစ်သည်။ ထိုနည်းနှင့်ပင် နောက်ဆုံးမှာသူက ရွှီရှင်းတောကို သူ၏ကိုယ်ပိုင်ထိုင်ခုံဖော်အဖြစ်လုပ်နိုင်သွားမည်ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now