Chapter 79(Unicode&Zawgyi)

1K 96 0
                                    


ရွှီရှင်းတောဟာ ဒီနေရာကို တကယ် သဘောကျသည်။ သို့သော်လည်း သူမဟာ ထုန်းယန်ရဲ့ပစ္စည်းတွေကို ဒီလိုမျိုး ယူလို့မရကြောင်း သိလေသည်။

သူမဟာ လသာဆောင်က ထွက်ပြီး ဧည့်ခန်းထဲကို ဝင်လိုက်သည်။ "ငါ နင့်အပေါ် ဒီလောက်အများကြီး အကြွေးတင်လို့မရဘူး"

"ဘာအကြွေးတင်တာလဲ? ငါက မင်းကို ငါ့ရဲ့ကိုယ်ပိုင် အစွမ်းအစနဲ့ ပေးတာလေ။ ဒီတိုက်ခန်းကိုကြည့်;
မင်းကြိုက်တဲ့ အဆာပြေမုန့်တွေနဲ့ပြည့်နေတာ။မင်းရဲ့အိပ်ခန်းကလည်း သကြားလုံးတွေနဲ့ ပြည့်နေတာ။
အရေးအကြီးဆုံးကတော့ မင်းနေမကောင်းတဲ့အခါ ဆေးသောက်လို့ရအောင် အိပ်ယာဘေးက စားပွဲ ပေါ်မှာ ဆေးတွေရှိတယ်"

ရွှီရှင်းတောဟာ ထုန်းယန်က်ို ညင်ညင်သာသာ  စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်
သူမဟာ သူမရဲ့မျက်လုံးတွေကို အောက်သို့ရွေ့လိုက်ပြီး ပြောလိုက်သည်။ "ထုန်းယန်....ငါတော့ နင်နဲ့ ငါ့ရဲ့ ဆက်ဆံရေးကို အကျိုးအမြတ်တွေ ရရုံအတွက်နဲ့မပြောင်းလဲချင်ဘူး။ ငါက ဂုတ်သွေးစုပ်တဲ့ သူလား?"

ထုန်းယန်ဟာ ရွှီရှင်းတော လက်ခံမည်မဟုတ်ကြောင်းကို တွေးတောပြီးနှင့်သား ဖြစ်သည်။ ဒီကောင်မလေး သူ့ဆီက လက်ခံသည့် အကြီးမားဆုံးလက်ဆောင်မှာ နှစ်ပေါင်းများစွာကြာသည်အထိ မမျှော်လင့်ဘဲ သူမအတွက် အမျိုးသမီးလစဉ်သုံးများ ဝယ်ပေးရန် လိုအပ်သည့်အချိန်သာ ဖြစ်သည်....

"တကယ်လို့ မုမိသားစုက မင်းကို တစ်ခုခု လုပ်ရင်
မင်း ဒီမှာ လာနေလို့ရတယ်။ ဒီနေရာကို မင်းရဲ့ ဝှက်ဖဲအနေနဲ့ အသုံးပြုလို့တယ်။ ဒါက မင်းရဲ့ ယုံကြည်စိတ်ချမှုအတွက်ပဲ။တကယ်လို့ မင်း သူတို့နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ရင် မင်း အိမ်မရှိဖြစ်တော့မှာ မဟုတ်ဘူး" ဒီဟာက ထုန်းယန်ပြောနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထို့နောက်တွင်တော့ သူဟာ ရွှီရှင်းတောကို ဓာတ်လှေကားကတ်တစ်ခု ပေးလိုက်သည်။

ရွှီရှင်းတောတစ်ယောက် ဓာတ်လှေကားကတ်ကို ကြည့်ကာ ၎င်းကို ယူဖို့ လက်က်ို မဆန့်ခင် တစ်ခဏမျှ တုံ့ဆိုင်းနေ၏။ "ကောင်းပြီ ငါ ဒီမှာအဆာပြေမုန့်တွေစားဖို့  တစ်ခါတစ်လေ လာခဲ့မယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now